Homeပြည်တွင်းသတင်းအမ်းပဒန်းလမ်းမပေါ်က ဂုတ်စီးရိုးကျေးရွာတိုက်ပွဲမှာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AA နဲ့ ပူးပေါင်းတပ်တွေ ဖမ်းဆီး

အမ်းပဒန်းလမ်းမပေါ်က ဂုတ်စီးရိုးကျေးရွာတိုက်ပွဲမှာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AA နဲ့ ပူးပေါင်းတပ်တွေ ဖမ်းဆီး

၁၁ ဖေဖော်ဝါရီ၊ ၂၀၂၅

အမ်းပဒန်းလမ်းမပေါ်က ငဖဲမြို့နယ် ဂုတ်စီးရိုးကျေးရွာတိုက်ပွဲမှာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AA နဲ့ ပူးပေါင်းတပ်တွေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဂုတ်စီးရိုးကျေးရွာအနီးက တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူများပြားပြီး ရာချီရှိတယ်လို့ သိရပါတယ်။ ထွက်ပြေးသူတွေထဲ တပ်မ ၉၉ က ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးကျော်ကျော်သက်လည်း ပါဝင်ခဲ့ပြီး မလွတ်တော့တဲ့အတွက် လက်နက်ချတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအခြေအနေကို AA က တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသေးဘဲ ဇန်နဝါရီလမှာ နောက်ဆုံးထုတ်ပြန်ထားတဲ့ အမ်းပဒန်းကားလမ်းမပေါ်က တိုက်ပွဲပြင်းထန်နေပြီး ထွက်ပြေးနေသူတွေကို AA က လိုက်လံ ရှင်းလင်းနေတယ်လို့ ပြောဆိုထားပါတယ်။

AA ဟာ ရခိုင်ပြည်နယ်မှာ နပခအပါအဝင် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ်မှာ ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီးအခုအခါ စစ်မျက်နှာပြင်ကို မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ကို ဖြန့်ကျက်ထားတာ ဖြစ်ပါတယ်။

ပုံစာ – ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့တဲ့ AA သတင်းထုတ်ပြန်ချက်

ဆက်စပ် သတင်းများ

Most read