Homeပြည်တွင်းသတင်းလျှပ်စစ်မီးနဲ့ လောင်စာဆီအပြင် စားစရာနဲ့လူသုံးကုန်ပါ ထပ်ဖြတ်မှာကို မြဝတီဒေသခံတွေ စိုးရိမ်

လျှပ်စစ်မီးနဲ့ လောင်စာဆီအပြင် စားစရာနဲ့လူသုံးကုန်ပါ ထပ်ဖြတ်မှာကို မြဝတီဒေသခံတွေ စိုးရိမ်

၆ ဖေဖော်ဝါရီ၊ ၂၀၂၅

လျှပ်စစ်မီးနဲ့ လောင်စာဆီဖြတ်တောက်ခံရတဲ့အတွက် ‌စားစရာနဲ့လူသုံးကုန်တွေပါ ဖြတ်တောက်မှာကို စိုးရိမ်ပူပန်နေရတယ်လို့ မြဝတီဒေသခံပြည်သူတွေက ပြောဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ ရှိတဲ့ ရွှေကုက္ကို၊ KK Park တို့အပြင် မြဝတီ ကမ်းနားဘက်ကိုပေးတဲ့ လျှပ်စစ်မီးတွေပါ ဖေဖော်ဝါရီ ၄ ရက်က ဖြတ်တောက်ခံလိုက်ရကြောင်း မြဝတီဒေသခံတွေက ပြောဆိုပြီး ဖေဖော်ဝါရီ ၅ ရက်မှာ လောင်စာဆီတွေ အလုအယက်ဝယ်ယူကြတဲ့အတွက် ညနေပိုင်းမှာ ဆီပြတ်လပ်သွားတယ်လို့ ပြောပါတယ်။

“သေချာမစဥ်းစားမဆင်ခြင်နိုင်ကြတာကြောင့် လူအုံသွားတာပါ။ ကျားဖြန့်တွေကလဲ မီးစက်ကြီးတွေ ဆိုလာတွေနဲ့ ငွေကိုရေလိုသုံးနိုင်တယ်။ သူတို့အတွက်က ပြသနာမဟုတ်ဖူး။ Hot နေတဲ့ လျပ်စစ်နဲ့ ဆီဘဲ ဖြတ်တာ။ စားစရာသောက်စရာ ဆေးဝါး လူသုံးကုန်ပါ ဖြတ်နိုင်မှ ပြတ်သွားမှာ။ အဲ့လိုဟာတွေကိုပါ ဖြတ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေရတယ်။ ဒေါနတောင်ကိုကျော်ပီး ဘာပစ္စည်းမှ မဝင်ဘူး။ မဲဆောက်ကဘဲ အကုန်ဝင်နေတာ” လို့ မြဝတီဒေသခံတစ်ဦးက New Day Myanmarကို ပြောဆိုပါတယ်။

မြဝတီမြို့ရေကြီးနေချိန်မှာ ဆန်၊ဆီ၊ ကြက်ဥကအစ မဲဆောက်က ဝယ်ယူကြရတာဖြစ်ပြီး တိုက်ပွဲနဲ့ လမ်းခရီးအခြေအနေကြောင့် ဆန်၊ ဆီ၊ ဆေးဝါးစတဲ့အခြေခံစားသောက်ကုန်တွေကအစ မြဝတီကို ပြည်မဘက်က ကုန်သွင်းဖို့ ခက်ခဲတာကြောင့် မြဝတီဒေသခံအများစုက မဲဆောက်ကုန်ပစ္စည်းတွေကိုပဲ ဝယ်ယူသုံးစွဲနေရတယ်လို့ သူက ဆက်ပြီး ပြောဆိုသွားပါတယ်။

ပုံစာ – မဲဆောက်မြဝတီချစ်ကြည်ရေးတံတားအနီး

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read