Homeပြည်တွင်းသတင်းအာသံထောင်မှာ အကျဉ်းချခံထားရတဲ့ မြန်မာအကျဉ်းသား ၃၂ ဦး အစာငတ်ခံဆန္ဒပြ

အာသံထောင်မှာ အကျဉ်းချခံထားရတဲ့ မြန်မာအကျဉ်းသား ၃၂ ဦး အစာငတ်ခံဆန္ဒပြ

၄ ဖေဖော်ဝါရီ၊ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ အာသံထောင်မှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၃၂ ဦးဟာ ပြန်လည်လွတ်မြောက်ရေးအတွက် ဇန်နဝါရီလ ၃၁ ရက်က ဖေဖော်ဝါရီလ ၅ ရက်အထိ အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ India For Myanmar အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ဟာ ၂၀၂၁ ခုနှစ်ထဲက အဖမ်းခံထားရသူတွေဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်မပို့ဖို့၊ UNHCR လက်အောက် ခိုလှုံခွင့်ရဖို့နဲ့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ဆန္ဒပြတောင်းဆိုနေတာ ဖြစ်ပါတယ်။

အာသံထောင်အာဏာပိုင်တွေက ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ဆောင်ရွက်တာ မရှိသေးတဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင်ဟာ ဒုက္ခသည်ကတ်ပြုလုပ်ဖို့ UNHCR ရုံးရှိတဲ့ နယူးဒေလီမြို့ကို သွားနေတုန်း အဖမ်းခံရပြီး လူဝင်မှုဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာအမျိုးသမီး ၂၂ ဦးနဲ့ ကလေး ရှစ်ဦးတို့ကလည်း ပြန်လွှတ်ပေးဖို့ ဇန်နဝါရီ ၂၁ ရက်က ၂၃ ရက်အထိ အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဓာတ်ပုံ- The Time of India

Related News

Most Read