တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအမိန့်ကိုကြေညာခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် Han Dong-hoon ပါတီခေါင်းဆောင်နေရာကနေ နှုတ်ထွက်ကြောင်း ဒီဇင်ဘာ ၁၆ရက်က ကြေညာခဲ့တယ်လို့နိုင်ငံတကာသတင်းများမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် Han Dong-hoonက အာဏာရပါတီရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သမ္မတက စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့တာဟာ သူ့ရဲ့အားနည်းချက်ကြောင့် ဖြစ်ခဲ့ရတဲ့အပေါ်လည်း ပြည်သူလူထုကို တောင်းပန်ပြီး ပါတီခေါင်းဆောင်နေရာကနေ နှုတ်ထွက်သွားခဲ့တာလို့ သိရပါတယ်။
တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် Han Dong-hoonဟာ အရင်က သမ္မတYoon Suk Yeol နဲ့ ရင်းနှီးတဲ့နိုင်ငံရေးမဟာမိတ်ဖြစ်ခဲ့ပေမယ့် သမ္မတရဲ့မဆင်မခြင် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး မဟာဆက်ဆံရေးဟာလည်းပျက်စီးသွားခဲ့ပြီလို့ သိရပါတယ်။
သမ္မတYoon Suk Yeolရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တဲ့လုပ်ရပ်ကို အစောပိုင်းက ပါတီခေါင်း ဆောင် Han Dong-hoonက ကာကွယ်ပေးဖို့ လုပ်ခဲ့
ပေမယ့် သမ္မတ ရာထူးကနေ အသာတကြည် နုတ်ထွက်ပေးဖို့ ပါတီရဲ့ တောင်းဆိုမှုကို သမ္မတYoon Suk Yeol ဖီဆန်ခဲ့တာကြောင့် ပါတီခေါင်း ဆောင် Han Dong-hoonဟာ သမ္မတYoon Suk Yeol ကာကွယ်မပေးတော့ဘဲ အတိုက်အခံအမတ်တွေ လွတ်တော်မှာ သမ္မတကို ရာထူးက ဆိုင်းငံ့ပစ်နိုင်တဲ့ အဆိုတင်ပြလာမှုမပေါ် အာဏာရပါတီဘက်ကလည်း ထောက်ခံမဲပေးခဲ့တာကြောင့် သမ္မတYoon Suk Yeolဟာ သမ္မတရာထူးကနေ ဆိုင်းငံ့ခံခဲ့ရတာလို့ သိရပါတယ်။