Homeပြည်တွင်းသတင်းမြန်မာစစ်တပ်ကိုကူညီနေတဲ့ မြန်မာကုမ္ပဏီနှစ်ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူ

မြန်မာစစ်တပ်ကိုကူညီနေတဲ့ မြန်မာကုမ္ပဏီနှစ်ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူ

၁၃ ဒီဇင်ဘာ၊ ၂၀၂၄

မြန်မာစစ်တပ်ကိုကူညီနေတဲ့ မြန်မာကုမ္ပဏီနှစ်ခုကို အမေရိကန်အစိုးရက ဒီဇင်ဘာ ၁၀ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

မြန်မာကုမ္ပဏီတွေဖြစ်တဲ့ Sky Aviator နဲ့ Synpax Shwe နှစ်ခုကို အမေရိကန်အစိုးရက အရေးယူလိုက်တာဖြစ်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လေကြောင်းတိုက်ခိုက်မှုမှာ အသုံးပြုမယ့် စစ်ဘက်ဆိုင်ရာ ပစ္စည်းအစိတ်အပိုင်းတွေ ပံ့ပိုးပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာကုမ္ပဏီနှစ်ခုအပြင် ဆိုက်ဘာတိုက်ခိုက်မှုနဲ့အချက်အလက်ခိုးယူမှုတွေ ပြုလုပ်ခဲ့တဲ့ တရုတ်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Sichuan Silence Information Technology ကုမ္ပဏီကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီဟာ ၂၀၂၀ ဧပြီလက အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲလ်တွေကို ကုမ္ပဏီထောင်ပေါင်းများစွာအတွက် ဝန်ဆောင်ပေးနေတဲ့ ဆိုက်ဘာလုံခြုံရေးစနစ် ရှစ်သောင်းကျော်မှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ ခရိုနီလို့ ခေါ်တဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် လေးယောက်ကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို တနည်းတဖုံအကူအညီပေးနေတဲ့ တရုတ်ကုမ္ပဏီလေးခုကိုလည်း အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့ပြီး ဒီထဲက နှစ်ခုမှာ တရုတ်နိုင်ငံအခြေစိုက်ပြီး နှစ်ခုမှာ ရုရှားအခြေစိုက်ကုမ္ပဏီတွေဖြစ်ပါတယ်။

ပုံစာ- ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်စဉ်(ပုံဟောင်း)

Photo – HKL Mindat

ဆက်စပ် သတင်းများ

Most read