Homeပြည်တွင်းသတင်းလားရှိုးမြို့မှာ သားငါးတွေကို သတ်မှတ်ဈေးအတိုင်းရောင်းချဖို့ MNDAA သတိပေး

လားရှိုးမြို့မှာ သားငါးတွေကို သတ်မှတ်ဈေးအတိုင်းရောင်းချဖို့ MNDAA သတိပေး

၂၄ နိုဝင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ သားငါးတွေကို သတ်မှတ်ဈေးထက်ပိုမရောင်းဖို့ MNDAA အုပ်ချုပ်ရေးဘက်က သတိပေးထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

MNDAA က ကြက်အရှင် တစ်ပိဿာကို ၃၅၀၀၀ ကျပ်၊ ကြက်သား ၁ ပိဿာကို ၂၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာကို ၂၈၀၀၀ ကျပ်နဲ့ အမဲသားတစ်ပိဿာကို ၂၈၀၀၀ ကျပ်ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တချို့မြို့တွေမှာ တရုတ်ဘက်ကစားသောက်ကုန်စည်တွေ ဝင်ရောက်ခြင်းမရှိတာကြောင့် စားသောက်ကုန်တွေ ပြတ်လပ်နေပြီးကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ ခရမ်းချဥ်သီးတစ်ပိဿာကို ၁ သောင်းခွဲကျပ်၊ အားလူးတစ်ပိဿာကို ၁၆၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာကို ၁ သောင်းကျပ်နဲ့ ကြက်သားတစ်ပိဿာကို ၃၅၀၀၀ ကျပ်အထိ ဈေးတက်နေပါတယ်။

စစ်ကောင်စီနဲ့ တရုတ်အာဏာပိုင်တွေဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားတဲ့ မြို့တွေကို ကုန်စည်စီးဆင်းမှု မရှိစေဖို့ ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်ထားပါတယ်။ မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ကို စားသောက်ကုန်သယ်ယူခွင့်ကိုလည်း နိုဝင်ဘာလ ၂၃ ရက်ကစပြီး စစ်ကောင်စီက ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ – လားရှိုးဈေးကို ရုပ်သံတစ်ခုမှာ မြင်ရပုံ
Photo – Screengrab from the Kokang

ဆက်စပ် သတင်းများ

Most read