Homeပြည်တွင်းသတင်းမြန်မာနိုင်ငံထုတ် သား/ငါးထုတ်ကုန်တွေ မစားဖို့ အမေရိကန် FDA သတိပေး

မြန်မာနိုင်ငံထုတ် သား/ငါးထုတ်ကုန်တွေ မစားဖို့ အမေရိကန် FDA သတိပေး

၂၆ အောက်တိုဘာ၊ ၂၀၂၄

မြန်မာနိုင်ငံကနေ တင်လာသွင်းတဲ့ ကြက်သား၊ ဘဲသားနဲ့ အသားမျိုးစုံ ထုတ်ကုန်ပစ္စည်းတွေဟာ တရားမ ဝင်ကြောင်းနဲ့ စားသုံးဖို့ မသင့်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအောက် အမေရိကန် အစား အသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေး ဝန်ဆောင်မှုဌာန (FSIS) က သတိးပေးတားမြစ်လိုက်ပါတယ်။

FSIS ရဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာထုတ်ကုန်တွေဖြစ်တဲ့ အသားဟင်း စည်သွပ်ဗူး၊ မုန့်ဟင်းခါးအနှစ်၊ အုန်းနို့ခေါက်ဆွဲအနှစ်နဲ့ ငါးခြောက်စတဲ့ စားသောက်ကုန်တွေပါဝင်ပြီး ဒီထုတ်ကုန်တွေမှာ တရားဝင်ခွင့်ပြုချက်မပါသလို၊ USDA စစ်ဆေးချက်အမှတ်အသားလည်း မပါဘူးလို့ သတိပေးချက်မှာဖော်ပြထားပါတယ်။

ဒီစားသောက်ကုန်တွေကို Arizona၊ California၊ Iowa၊ Kansas၊ Maryland၊ Minnesota၊ Nebraska နဲ့ Oklahoma ပြည်နယ် လက်လီဆိုင်တွေကို အဓိက တင်ပို့တာဖြစ်ကြောင်းနဲ့ ခွင့်ပြုချက်မရှိဘဲ ဒီအစား အသောက်တွေနိုင်ငံထဲ ဘယ်လိုဝင်ရောက်လာတယ်ဆိုတာ FSIS က ဆက်ပြီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က လက်လီရောင်းချတဲ့ဆိုင်တွေကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ကြက်၊ ဘဲနဲ့ အခြား အသား ထုတ်ကုန်ပစ္စည်းတွေက သွင်းကုန် အရည်အသွေးမပြည့်မီတာကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစားကုန်တွေမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ အန္တရာယ်ရှိပစ္စည်းတွေပါတယ်လို့ အတည်မပြုနိုင်သေးပေမဲ့ ကျန်းမာရေးပြဿနာတစုံတရာဖြစ်ရင် သက်ဆိုင်ရာကျန်းမာရေးဌာနမှာ ဆေးကုသမှုခံဖို့ဖော်ပြပါတယ်။

အခုသတိပေးထားတဲ့ မြန်မာစားသောက်ကုန်တွေက တရားဝင်ခွင့်ပြုချက်မရှိတဲ့အတွက် လက်လီဆိုင်တွေ အနေနဲ့ မရောင်းချကြဖို့နဲ့ ဝယ်ထားသူတွေအနေနဲ့လည်း ဒီစားကုန်တွေကို စွန့်ပစ်ကြဖို့ ဒါမှမဟုတ် ဝယ်ယူတဲ့ ဆိုင်တွေမှာပြန်အပ်ကြဖို့ FSIS ကသတိပေးထားပါတယ်။

Photo – FSIS

ဆက်စပ် သတင်းများ

Most read