Homeပြည်တွင်းသတင်းလားရှိုးမြို့စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်ကောင်စီ သုံးရက်ဆက်တိုက် ဗုံးကြဲ

လားရှိုးမြို့စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်ကောင်စီ သုံးရက်ဆက်တိုက် ဗုံးကြဲ

၇ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာလ ၆ ရက် နေ့လည်ပိုင်းက စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေအိမ်ပေါ်ကို ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက်က ၆ ရက်အထိ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ လူနေအိမ်တွေကို အဓိကထား ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာ ၆ ရက် နေ့လည် ၁း၃၆ ဝန်းကျင်မှာ စစ်ကောင်စီဘက်က လားရှိုးမြို့ ၊ ရက ၅ ၊ အထက်မန်အိုင် ဘုန်းကြီးကျောင်းအနီးက လူနေအိမ်တစ်လုံးပေါ်ကို ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံး နှစ်လုံး ကြဲချ ခဲ့ပါတယ်။

ဗုံးဒဏ်ကြောင့် သုံးထပ်တိုက်အိမ်တစ်လုံး၊ နှစ်ထပ်တိုက်အိမ်တစ်လုံးနဲ့ အနီးက လူနေအိမ်တွေ ထိခိုက် ပျက် စီးခဲ့ပြီး အနားက ပြည်သူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလ ၅ ရက်မှာလည်း လားရှိုးမြို့ ကွန်ပျူတာ တက္ကသိုလ်အနီးက လူနေအိမ် တွေကို ဗုံးကြဲချခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်က လားရှိုးမြို့က သက်တမ်းကြာနေပြီဖြစ်တဲ့ ကွမ်ရင် ဘုံကျောင်းနဲ့ လူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လားရှိုးမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခံထားရပြီး စစ်ရေးသတင်းပေါက်ကြားစေတဲ့ ဒလန်တွေကို MNDAA နဲ့ မဟာမိတ်တပ်တွေက စုံစမ်းဖော်ထုတ်နေတယ်လို့ လားရှိုးမြို့ခံတွေက ဆိုပါတယ်။

လားရှိုးမြို့ အဝင်အထွက်တွေကိုတော့ တင်းတင်းကြပ်ကြပ်စစ်ဆေးတာကလွဲပြီး ပိတ်ထားတာမျိုး မရှိဘူးလို့ သိရပါတယ်။

ပုံစာ- အောက်တိုဘာ ၆ ရက် လားရှိုးမြို့ ရက ၅ လူနေအိမ်တွေ ဗုံးကြဲခံရတဲ့မြင်ကွင်း

Photo – လားရှိုးမြို့ပြန်လည်တည်ဆောက်ရေး

ဆက်စပ် သတင်းများ

Most read