Homeပြည်တွင်းသတင်းမြန်မာကလေး ၆သန်းကျော် နေရပ်စွန့်ခွာပြီး ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုလိုအပ်နေကြောင်း ကုလအစည်းအဝေးမှာ ဦးကျော်မိုးထွန်း ပြောဆို

မြန်မာကလေး ၆သန်းကျော် နေရပ်စွန့်ခွာပြီး ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုလိုအပ်နေကြောင်း ကုလအစည်းအဝေးမှာ ဦးကျော်မိုးထွန်း ပြောဆို

၆ အောက်တိုဘာ၊ ၂၀၂၄

ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံက ကလေး ၆ သန်းကျော်ဟာ နေရပ်ကို စွန့်ခွာပြီး ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၄ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေး ၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်အောက်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာကလေး ၆ သန်းကျော်ဟာ နေရပ်ကို စွန့်ခွာရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပုံမှန်ပညာရေးတွေ ပြတ်တောက်တာတွေ ဖြစ်ပြီး ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

မြန်မာကလေးငယ်တွေဟာ စစ်တပ်ရဲ့လေ‌ကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီစခန်းတွေနဲ့ ဗုံးခိုကျင်းတွေမှာ ပညာသင်ကြားနေရတယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာမလုံလောက်တာ၊ ကာကွယ်ဆေးမရတာတွေ ကြုံနေရတယ်လို့ သူက ထည့်သွင်းပြောဆိုသွားပါတယ်။

ကလေးငယ်တွေ ကာကွယ်ဆေး ပြတ်လပ်တာအပြင် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကိုလည်း စစ်တပ်က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေကြောင်းလည်း ဖော်ပြပါတယ်။ လက်ရှိမှာ ပဋိပက္ခတွေကြောင့် နေရပ်ကို စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ၃ ဒသမ ၄ သန်းကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူက ၁၈ ဒသမ ၆ သန်းကျော်ရှိနေပါတယ်။ ဒီစာရင်းမှာ အမျိုးသမီး၊ မိန်းကလေးငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများဆုံးပါဝင်နေတာ ဖြစ်ပါတယ်။

Photo – U Kyaw Moe Tun

ဆက်စပ် သတင်းများ

Most read