Homeပြည်တွင်းသတင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတချို့မှာ စစ်ရေးသတင်းမပေါက်ကြားစေဖို့ အခပေး Starlink ဝိုင်ဖိုင်လိုင်းတွေ ယာယီ ပိတ်ပင်

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတချို့မှာ စစ်ရေးသတင်းမပေါက်ကြားစေဖို့ အခပေး Starlink ဝိုင်ဖိုင်လိုင်းတွေ ယာယီ ပိတ်ပင်

၄ အောက်တိုဘာ၊ ၂၀၂၄

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒေသတွင်း စစ်ရေးသတင်းတွေ ပေါက်ကြားမှုမရှိစေဖို့ အခကြေးငွေ ယူပြီး အသုံးပြုနေတဲ့ Starlink Wifi တွေကို တစ်လ ပိတ်ပင်ကြောင်း ဂန့်ဂေါခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပါတယ်။

တော်လှန်ရေးတပ်‌တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ရေးသတင်းမပေါက်ကြားစေဖို့ အခပေးသုံးစွဲရတဲ့ Starlink ဝိုင်ဖိုင်လိုင်းတွေကို ပိတ်ပင်သွားဖို့ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးက စက်တင်ဘာ ၃၀ က ထုတ်ပြန်ကြေညာပြီး တစ်လပိတ်မယ့်အကြောင်း ယောဒေသ၊ ဂန့်ဂေါ ပအဖက ထပ်ဆင့် ထုတ်ပြန်တာ ဖြစ်ပါတယ်။

မလိုလားအပ်တဲ့စစ်ရေးသတင်းပေါက်ကြားမှုတွေ ရှိနေတာကြောင့် အခကြေးငွေကောက်ခံပြီး ပြည်သူတွေကို Starlink အသုံးပြုခွင့်ပိတ်တာ ဖြစ်ပြီး ခရိုင်ရဲ့ စစ်ရေးလိုအပ်ချက်အရပဲအသုံးပြုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာလည်း အလားတူ အမိန့်ထုတ်ထားပြီးကြောင်း သိရပါတယ်။ လားရှိုးမြို့မှာလည်း စစ်တပ်သတင်းပေးတွေရဲ့ သတင်းပေးပို့နေတဲ့အတွက် စစ်ကောင်စီက လေကြောင်းက ဆက်တိုက်တိုက် ခိုက်နေတဲ့အတွက် စစ်ရေးသတင်းတွေ ပေါက်ကြားမှု မရှိစေဖို့ လားရှိုးမြို့တွင်းက အခပေး Starlink Wifi တွေကို ယာယီပိတ်ပင်သွားမယ့်အကြောင်း ကြေညာထားတယ်လို့ လားရှိုးမြို့ခံတွေက ဆိုပါတယ်။

ပုံစာ – လူမှုကွန်ယက်မှာ MNDAA တပ်တွေ ရှိနေတယ်လို့ တင်ခံရပြီး ဗုံးကြဲခံရတဲ့ ကွမ်ရင်ဘုံကျောင်း(လားရှိုး) Photo – Lashio Reconstruction

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး