Homeပြည်တွင်းသတင်းလားရှိုးမြို့မှာ အရပ်သားလူနေအိမ်တွေကို ပစ်မှတ်ထားပြီး ၁၀ရက်အတွင်း ၇ ကြိမ်တိုင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရ

လားရှိုးမြို့မှာ အရပ်သားလူနေအိမ်တွေကို ပစ်မှတ်ထားပြီး ၁၀ရက်အတွင်း ၇ ကြိမ်တိုင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရ

၃၀ စက်တင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက သုံးညတိုင်တိုင် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ပြီး ဒီနေ့မနက် ၁၂ နာရီခွဲဝန်းကျင်မှာ ၉ ကြိမ်မြောက် လေကြောင်းက ဗုံးကြဲခဲ့ပါတယ်။

ဗုံး သုံးလုံး ကြဲချခဲ့ပြီး ၁၂း၃၆ ၊ ၁၂း၄၁ နဲ့ ၁၂း၄၃ မှာ ဖြစ်ပါတယ်။ ဗုံး ၂ လုံးဟာ ရပ်ကွက် ၁၁ အောင်စေတနာလမ်းဘက်ကို ကြဲချခဲ့တာ ဖြစ်ပြီး အိမ် ၅ လုံးထက်မနည်းထိခိုက်ပျက်စီးကာ လူတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဗုံးကြဲချတဲ့နေရာဟာ လားရှိုးဂေါက်ကွင်းနဲ့လည်း နီးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဂေါက်ကွင်းဖက်ထင်တယ်။ အိမ်ကမှန်တွေကွဲကုန်ပြီ။ ကားလည်းထိမိတယ်။ ၂လုံးကတော့ အောင်စေတနာ လမ်းဘက်ပဲ။ နောက်တတိယတစ်လုံးကတော့ ဘယ်ဘက်ကို ကျလဲ မသိပါဘူး။ ၃လုံးလုံး ရက ၁၁ ထဲကို ကျတယ်လို့လည်း ပြောနေကြတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

တခြားဒေသခံတစ်ဦးကလည်း လားရှိုးမြို့ကနေ တခြားနေရာမှာ အခြေချပြီး စစ်ပြီးတဲ့ထိ စောင့်ဖို့ဆိုတာ ငွေကြေးမတတ်နိုင်သူတွေအတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက ၁၀ရက်အတွင်း ၆ ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၁၊ ၂၄၊ ၂၅၊ ၂၇၊ ၂၈၊ ၃၀ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ အရပ်သားပြည်သူ လူနေရပ်ကွက်တွေကို အဓိကထား တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – စက်တင်ဘာ ၃၀ ရက် မနက် ၁၂ နာရီခွဲမှာ တိုက်ခိုက်ခံရတဲ့ လားရှိုး ရက ၁၁ လူနေအိမ်များ

Photo – CJ

ဆက်စပ် သတင်းများ

Most read