Homeပြည်တွင်းသတင်းပဲခူးတိုင်းအတွင်း ရေကြီးမှုအန္တရာယ်ရှိနေပြီး မြို့ ၃ မြို့ စိုးရိမ်ရေမှတ်အထက် ပိုတက်နေ

ပဲခူးတိုင်းအတွင်း ရေကြီးမှုအန္တရာယ်ရှိနေပြီး မြို့ ၃ မြို့ စိုးရိမ်ရေမှတ်အထက် ပိုတက်နေ

၂၆ စက်တင်ဘာ၊ ၂၀၂၄

ပဲခူးမြစ်ရေဟာ ပဲခူးမြို့ စိုးရိမ်ရေအမှတ်အထက်ကို ၁ လက်မ ပိုနေပြီး နောက်နေ့မှာ ၄ လက်မအထိ မြင့်တက် နိုင်တယ်လို့ စစ်ကောင်စီလက်အောက်က မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ထုတ်ပြန်သတိပေးပါတယ်။

ပဲခူးမြို့နယ်အတွင်းက အနိမ့်ပိုင်းမှာ နေသူတွေနဲ့ မြစ်ကမ်းပါးအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေလွတ်ရာကို ရွှေ့ပြောင်းဖို့ ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲလောက် ကျော်လွန်နေပြီး မဒေါက်မြို့ဟာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲကျော် မြင့်တက်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ကြေညာထားပါတယ်။

စစ်တောင်းမြစ်ဟာ ရေကျဆင်းတာမရှိသေးတာကြောင့် တောင်ငူမြို့နယ်က ရေဘေးရှောင်ဒုက္ခသည်တွေဟာ နေအိမ်တွေဆီ ပြန်လို့မရသေးသလို တောင်ငူအရှေ့ဘက်ခြမ်းက ရွာတွေကိုလည်း ကယ်ဆယ်ရေး အကူအညီ တွေ သွားလို့မရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရာဂီမုန်တိုင်းကြောင့် သေဆုံးသူ ၄၁၉ ဦးထိ ရှိပြီး ၈၉ ဦးပျောက်ဆုံးနေကာ စပါးစိုက်ပျိုးရေးဧက ၇ သိန်းခွဲ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ – တောင်ငူမြို့ပေါ်ထိ ရေတက်နေစဉ်(ပုံဟောင်း)

Photo – CJ

ဆက်စပ် သတင်းများ

Most read