Homeပြည်တွင်းသတင်းသံတွဲမြို့ ကို ဒီမနက် စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲ အရပ်သား ၁၄ ဦး သေ၊ ၂၅ ဦး...

သံတွဲမြို့ ကို ဒီမနက် စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲ အရပ်သား ၁၄ ဦး သေ၊ ၂၅ ဦး ဒဏ်ရာရ

၂၆ စက်တင်ဘာ၊၂၀၂၄

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းသံတွဲမြို့က နေရာနှစ်ခုကို စစ်ကောင်စီတပ် ဒီမနက်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံး ကြဲခဲ့တာ ကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ပြော ခွင့်ရသူ ဦးခိုင်သုခက သတင်းမီဒီယာတွေကိုအသိ ပေး ထားပါတယ်။

သံတွဲမြို့ပေါ် ရပ်ကွက် ၈ ထဲက မြို့နယ်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို ဒီကနေ့မနက်ပိုင်းမှာ ဗုံး၂ လုံးစီ ကြဲခံရတာဖြစ်တယ်လို့သိရပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားတယ်လို့ လည်း သိ ရပါတယ်။

စစ်ကောင်စီ ဗုံးကြဲချခဲ့တဲ့ အဆောက်အသီးနှစ်ခုအနက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးအတွင်း စစ်ဘေးရှောင် ၂၀၀ ကျော်လောက် ခိုလုံနေတဲ့နေရဖြစ်ကြောင်း သိရပြီး ဗုံးကြုမှုကြောင့် ထိုအထဲမှ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီးသေဆုံးသူအများစုမှာ ကလေးငယ်တွေနဲ့ အသက်ကြီးရွယ်အိုတွေ အများဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာမျိုးမရှိပါဘူး။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲမြို့နယ်အပါအဝင် ဆယ်မြို့နယ်ကို သိမ်းပိုက်ထိန်း ချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီကလည်း ၎င်းလက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ ပြန် လည်ရရှိရေးအတွက် လေကြောင်းနဲ့ နေ့စဉ်ရက်ဆက်တိုက်ခိုက်လျှက်ရှိတယ်လို့လည်း သိရပါတယ်။။

ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့်ကလေးငယ်များနှင့် ပျက်စီးခဲ့သည့် သံတွမြို့ ဒွါရာဝတီမြို့တော်ခန်းမ

Photo – CJ

ဆက်စပ် သတင်းများ

Most read