Homeပြည်တွင်းသတင်းဆန္ဒပြသူတွေကို ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်နေကြောင်း AJAY ထုတ်ပြန်

ဆန္ဒပြသူတွေကို ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်နေကြောင်း AJAY ထုတ်ပြန်

၂၃ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာ ၁၉ ရက်က စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်မှောက်ခဲ့တဲ့ လူထုသပိတ် ဦးဆောင်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်နေကြတယ်လို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု – AJAY က ထုတ်ပြန်ထားပါတယ်။

ဒီ ၄ ဦးဟာ တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ၊ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ လူငယ်သပိတ်ကော်မတီ(YSC) ဦးဆောင်သူ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ YSC အဖွဲဝင် မမြမဥ္ဇူ နဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်တို ဖြစ်တယ်လို ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူတွေအပါအဝင် ရန်ကုန်မြိုက သပိတ်အင်အားစုတွေဟာ ရန်ကုန်မြိုတစ်နေရာမှာ ကုန်ဈေးနှုန်းကျဆင်းဖို နဲ့ စစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ်ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ ၄ ဦးထဲက ကိုဇော်လင်းထွဋ်၊ မမြမဥ္ဇူနဲ့ မနှင်းအိခိုင်တိုက ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးထောင်ချခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူတွေ ဖြစ်ပါတယ်။

ရန်ကုန်တော်လှန်ရေးအင်အားစုတွေဟာ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်လုပ်လာပြီး ကုန်ဈေးနှုန်းကျဆင်းရေး နဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း လမ်းတွေပေါ် ချီတက်ဆန္ဒပြတာကိုတော့ စက်တင်ဘာ ၁၉ ရက်မှာ နောက်ဆုံးပြုလုပ်ထားတာဖြစ်ပါတယ်။

Photo – စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု – AJAY

ဆက်စပ် သတင်းများ

Most read