Homeပြည်တွင်းသတင်းလားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းက ဗုံးထပ်ကြဲ

လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းက ဗုံးထပ်ကြဲ

၈ စက်တင်ဘာ၊ ၂၀၂၄

MNDAA ထိန်းချုုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၈ ရက် ဒီနေ့မနက် ၄ နာရီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့မနက် ၄နာရီ ဝန်းကျင်မှာ လားရှိုးမြို့၊ ရပ်ကွက် ၁၂ ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးတာတော့မရှိဘူးလို့ လားရှိုးမြို့ခံ တစ်ဦးက New Day Myanmar ကို ပြောပါတယ်။ ရပ်ကွက် ၁၂ က Silver Sky ဟိုတယ်နဲ့ ပြည်ထောင်စုအားကစားကွင်းက အားကစားခန်းမကို ဗုံးကျရောက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရ စာရင်း ကောက်ယူနေဆဲ ဖြစ်ပါတယ်။

ဒီဟိုတယ်မှာ အရင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကိုးကန့်ဘက်က အရာရှိတွေကို ထားတယ်လို့ သိရပါတယ်။ ဒီဗုံးကြဲလေယာဉ်ဟာ တောင်ကြီးမြို့ကိုက မနက် ၁ နာရီခွဲမှာ စတင် ထွက်ခွာတယ်လို့ တောင်ကြီး ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့ကို ဗုံးမကြဲမီ မူဆယ်၊ နမ့်ခမ်းမြို့တွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပတ်ပျံနေပြီးမှ လားရှိုးမြို့ပေါ် ဗုံးကြဲချတာ ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးကြဲချမှုကြောင့် ရပ်ကွက် ၁၂ က မိုးလုံလေလုံအားကစားကွင်းနဲ့ အိမ်စီးကားတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၄၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကြေညာထားပါတယ်။

ပုံစာ – စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ ပျက်စီးသွားတဲ့ Silver Sky Hotel

ပုံ- CJ

ဆက်စပ် သတင်းများ

Most read