Homeပြည်တွင်းသတင်းMOGE ရေနံမှော်ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်၊ စစ်ကောင်စီဘက်က အများအပြားသေဆုံး

MOGE ရေနံမှော်ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်၊ စစ်ကောင်စီဘက်က အများအပြားသေဆုံး

၁၆ ဩဂုတ်၊ ၂၀၂၄

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်း MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းကို ဩဂုတ်လ (၁၅) ရက်က သိမ်းပိုက်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နဲ့ ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီက ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဒု-ရဲအုပ် ကိုကိုအောင် အပါ (၁၂) ဦး သေဆုံးပြီး ကပစ-၂၃ မှ ဒု-အရာဗိုလ် ဝင်းမြင့်ထွန်းအပါ (၁၂) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

စခန်းသိမ်းပြီးနောက် စစ်ကောင်စီထံက လက်နက်မျိုးစုံ (၃၀) လက်၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း (၇) လုံး၊ ဗုံးသီး (၆) လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲံတယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပြည်သူကာကွယ်ရေးတပ်က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသကထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

Most read