Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စစ်အစိုးရလို့ သုံးနှုန်းထားတဲ့ လူမှုကွန်ယက်ပို့စ်ကို ပြန်လည် ပြင်ဆင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စစ်အစိုးရလို့ သုံးနှုန်းထားတဲ့ လူမှုကွန်ယက်ပို့စ်ကို ပြန်လည် ပြင်ဆင်

၁၂ သြဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာသြဂုတ်လ ၁၁ ရက်ညနေပိုင်းကထုတ်ပြန်ခဲ့တဲ့ မြန်မာရေးရာသတင်းမှာ စစ်ကောင်စီကို မြန်မာနိုင်ငံစစ်အစိုးရလို့သုံးနှုန်းရေးသားလိုက်ပါတယ်။

ဒါပေမဲ့သြဂုတ်လ ၁၂ရက် မနက်ပိုင်းမှာတော့ သတင်းမှာပါဝင်တဲ့စစ်အစိုးရဆိုတဲ့ အသုံးအနှုန်းအစား မြန်မာနိုင်ငံအစိုးရလို့ ပြန်လည်ပြင်ဆင်ရေးသားလိုက်တာကို တွေ့ရှိရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကြားက ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတိုက်ပွဲတွေမှာ ဝင်ရောက်ဖျန်ဖြေဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်သေးကြောင်း သိရပါတယ်။

ဒါ့အပြင် သက်တမ်းစေ့လို့ နေရပ်ပြန်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်အစား မစ္စမာကျားကို တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ စစ်ကောင်စီကသဘောတူညီပြီးဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ သြဂုတ်လ ၁၂ ရက်မနက်ပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read