Homeနိုင်ငံတကာသတင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်အသစ် အဖြစ် မစ္စ မာကျား ကိုတရုတ်အစိုးရခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်အသစ် အဖြစ် မစ္စ မာကျား ကိုတရုတ်အစိုးရခန့်အပ်

၁၂ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အသစ်အနေနဲ့ မစ္စ မာကျား ကိုခန့်အပ်ဖို့ တရုတ်အစိုးရက အဆိုပြုလိုက်ပြီး မြန်မာစစ်ကောင်စီက လက်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက တရုတ်သံအမတ်ချန်းဟိုင် တာဝန်ပြီးဆုံးလို့ ထွက်ခွာသွားပြီးနောက် တရုတ်သံအမတ် အသစ်ထပ်ရောက်လာတာဖြစ်ပါတယ်။

မစ္စ မာကျားဟာ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ် သံရုံးမှာတတိယအတွင်းဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ၂၀၁၉ ခုနှစ်ဒီနေ့အထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးမှာ သံမှူးကြီးနဲ့ သံအမတ်အဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read