Homeနိုင်ငံတကာသတင်းဘုရင်စနစ်ဥပဒေပြင်ဆင်ဖို့ထောက်ခံခဲ့တဲ့လွှတ်တော်အမတ် ၄၄ ဦးကို စုံစမ်းစစ်ဆေးမှုစတင်နေ

ဘုရင်စနစ်ဥပဒေပြင်ဆင်ဖို့ထောက်ခံခဲ့တဲ့လွှတ်တော်အမတ် ၄၄ ဦးကို စုံစမ်းစစ်ဆေးမှုစတင်နေ

၁၀ ဩဂုတ်၊ ၂၀၂၄

ဘုရင်စနစ်ဥပဒေကိုပြင်ဆင်ဖို့ထောက်ခံခဲ့တဲ့လွှတ်တော်အမတ် ၄၄ ဦးကို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ စုံစမ်းစစ်ဆေးမှုစတင်နေပြီလို့ ထိုင်းအမျိုးသားလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ NACC က ဩဂုတ်လ ၈ ရက်မှာ ကြေညာလိုက်ပါတယ်။

ဘုရင်စနစ်နဲ့ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့ Move Forward Party ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ်လ ၇ ရက်မှာ ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် Pita Limjaroenrat အပါအဝင် ပါတီအမှုဆောင် ၁၁ ဦးကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်လိုက်ပါတယ်။

အဲဒီနောက် NACC အတွင်းရေးမှူးချုပ် Niwatchai Kasemmongkol က ဘုရင်စနစ်နဲ့ပတ်သက်တဲ့ဥပဒေမူကြမ်းကို ထောက်ခံတဲ့လွှတ်တော်အမတ် ၄၄ ဦးကို ဆက်ပြီးစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေနဲ့ဆက်စပ်ပြီး MFP ရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းခိုင်းဖို့ ရှေ့နေ Theerayut Suwankesorn ကဖေဖော်ဝါရီလမှာ အသနားခံစာ တင်ခဲ့ကာ ဘုရင်စနစ်ကို ပျက်ပြားစေဖို့ MFP က ကြိုးပမ်းနေတယ်လို့ အသနားခံစာမှာ ဖော်ပြထားပါတယ်။

အစစ်ဆေးခံရသူတွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အပြည့်ရမှာဖြစ်ပြီး စစ်ဆေးခံရသူတွေအနေနဲ့ အပြစ်ရှိတယ်လို့ ရှာတွေ့ရင် ထိုင်းနိုင်ငံရေးလောကက အပြီးတိုင်ရပ်နားရမှာ ဖြစ်တယ်လို့ NACC အဖွဲ့ဝင် Ekkawit Watchawalkhu က ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read