Homeနိုင်ငံတကာသတင်းထိုင်းအမျိုးသမီးတစ်ဦးရဲ့ ရင်သားကို သွားကိုင်တဲ့မြန်မာအမျိုးသားကို ထိုင်းရဲများ ဖမ်းဆီး

ထိုင်းအမျိုးသမီးတစ်ဦးရဲ့ ရင်သားကို သွားကိုင်တဲ့မြန်မာအမျိုးသားကို ထိုင်းရဲများ ဖမ်းဆီး

၁၆ ဇူလိုင်၊ ၂၀၂၄

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့မှာ ထိုငိးအမျိုးသမီးတစ်ယောက်ရဲ့ ရင်သားကို သွားကိုင်တဲ့ မြန်မာအမျိုး သားတစ်ဦးကို ထိုင်းရဲများက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၉ ရက် ည ၉ နာရီခွဲက အသက် ၂၃ နှစ်အရွယ် အောင်ကိုဖြိုး ဆိုသူ မြန်မာအမျိုးသားဟာ ဖူးခက် မြို့ Super Cheap ဈေးဝယ်စတိုးမှ ပြန်လာတဲ့ ထိုင်းအမျိုးသမီးနှစ်ယောက်စီးနင်းလာတဲ့ ဆိုင်ကယ် နောက် က လိုက်ပါလာပြီး အနောက်မှာထိုင်နေတဲ့ ထိုင်းအမျိုးသမီးရဲ့ ရင်သားကို ထိကိုင်ခဲ့ပါတယ်။

ထိကိုင်ခံရတဲ့ ထိုင်းအမျိုးသမီးက ကျူးလွန်သူကို ဖြေရှင်းဖို့ အော်ဟစ်ခဲ့ရာမှာ မြန်မာအမျိုးသားက ဆိုင်ကယ်ကို ပြန်လှည့်ပြီး ရန်ပြုဖို့ ကြိုးစားနေတဲ့အတွက် ၂၄ နာရီဖွင့်တဲ့ အဝတ်လျှော်ဆိုင်ကို ဆိုင်ကယ် မောင်းဝင်မှ အဲ့ဒီ့မြန်မာအမျိုးသားဟာ ဆက်မလိုက်တော့တာ ဖြစ်တယ်လို့ The Thaiger သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

နောက်နေ့မှာ ရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်ခံတဲ့အတွက် ဒေါသထွက်ရသလို တခြားအမျိုးသမီးတွေ ထပ်ပြီး ကျူးလွန်ခံရမှာစိုးရိမ်တဲ့အတွက် တိုင်ကြားရ တာဖြစ်ကြောင်း ထိုင်းအမျိုးသမီးက ထွက်ဆိုထားပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ အမှုဖွင့်ခံရတဲ့ မြန်မာအမျိုးသားကို ကျူးလွန်တဲ့နေ့က ဆိုင်ကယ်၊ အဝတ်အစား တွေနဲ့အတူ ဇူလိုင် ၁၂ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး ချလွန်ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read