New Day Myanmar
About Usကျွန်ုပ်တို့အကြောင်း
We report. We advocate. We promote human rights.
New Day Myanmar သည် မြန်မာနိုင်ငံအရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ စစ်ရေးပဋိပက္ခ၊ အရပ်သားထိခိုက်မှုနှင့် ဒေသတွင်းအရေးများကို အများပြည်သူ သိသင့်သိထိုက်သော သတင်းအဖြစ် တိကျမှန်ကန်စွာ ဖော်ပြရန် ရည်ရွယ်ထားသော လွတ်လပ်သည့် သတင်းဌာနတစ်ခုဖြစ်သည်။
New Day Myanmar ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး “We report. We advocate. We promote human rights.” ဆိုသည့် ရပ်တည်ချက်နှင့်အညီ သတင်းမီဒီယာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။
ကျွန်ုပ်တို့၏ သတင်းဖော်ပြမှုများသည် လူ့အခွင့်အရေး၊ တရားမျှတမှု၊ တိကျမှု၊ လွတ်လပ်မှုနှင့် သတင်းမီဒီယာကျင့်ဝတ်အပေါ် အခြေခံထားသည်။
Our Mission
New Day Myanmar ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ သိသင့်သိထိုက်သော သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ ဖော်ပြပေးရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရေးပဋိပက္ခများ၊ အရပ်သားထိခိုက်မှုများနှင့် လူမှုရေးအရေးများကို တာဝန်ယူမှုရှိစွာ မှတ်တမ်းတင်ဖော်ပြရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အန္တရာယ်ကျရောက်နိုင်သော ပြည်သူများ၊ စစ်ဘေးသင့်ပြည်သူများ၊ ဒုက္ခသည်များ၊ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများ၏ အသံများကို သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဖော်ပြရန် ကြိုးပမ်းပါသည်။
What We Cover
New Day Myanmar သည် အောက်ပါအကြောင်းအရာများကို အဓိကထား ဖော်ပြပါသည်။
- မြန်မာနိုင်ငံအရေးနှင့် နိုင်ငံရေးဖြစ်စဉ်များ
- လူ့အခွင့်အရေးနှင့် တရားမျှတမှုဆိုင်ရာ သတင်းများ
- စစ်ရေးပဋိပက္ခ၊ အရပ်သားထိခိုက်မှုနှင့် စစ်ဘေးဒုက္ခသည်အရေး
- ဒီမိုကရေစီရေး၊ လွတ်လပ်ခွင့်နှင့် အုပ်ချုပ်ရေးဆိုင်ရာ သတင်းများ
- ဒေသတွင်းအရေး၊ နိုင်ငံတကာသက်ရောက်မှုနှင့် မြန်မာပြည်သူများနှင့် ဆက်စပ်သော သတင်းများ
- လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ပြည်သူ့ဘဝဆိုင်ရာ အရေးများ
Editorial Independence
New Day Myanmar သည် မည်သည့် နိုင်ငံရေးပါတီ၊ အစိုးရအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့၊ စီးပွားရေးအုပ်စု သို့မဟုတ် အကျိုးစီးပွားအုပ်စုတစ်ခုခု၏ ညွှန်ကြားမှုအောက်တွင် မရှိပါ။
ကျွန်ုပ်တို့၏ သတင်းရွေးချယ်မှု၊ သတင်းရေးသားမှု၊ ခေါင်းစဉ်တပ်မှု၊ တည်းဖြတ်မှုနှင့် ထုတ်ဝေမှုဆိုင်ရာ ဆုံးဖြတ်ချက်များသည် အယ်ဒီတာအဖွဲ့၏ လွတ်လပ်သော ဆုံးဖြတ်ချက်အပေါ်သာ အခြေခံပါသည်။
ရန်ပုံငွေပံ့ပိုးသူများ၊ ကြော်ငြာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ သို့မဟုတ် စပွန်ဆာများသည် New Day Myanmar ၏ အယ်ဒီတာရေးရာ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးခွင့် မရှိပါ။
Our Editorial Standards
New Day Myanmar သည် သတင်းတစ်ပုဒ်မထုတ်ဝေမီ ရရှိနိုင်သမျှ အချက်အလက်များကို စစ်ဆေးအတည်ပြုရန် ကြိုးပမ်းပါသည်။ သတင်းရင်းမြစ်များ၊ မျက်မြင်သက်သေများ၊ ဒေသခံအရင်းအမြစ်များ၊ တရားဝင်ထုတ်ပြန်ချက်များနှင့် ယုံကြည်ရသော အဖွဲ့အစည်းများ၏ အချက်အလက်များကို နှိုင်းယှဉ်စစ်ဆေးပြီး ဖော်ပြပါသည်။
အတည်မပြုနိုင်သေးသော အချက်အလက်များကို သတင်းအဖြစ် မဖော်ပြရန် ကြိုးပမ်းပြီး၊ အများပြည်သူအကျိုးအတွက် ထုတ်ဝေရန်လိုအပ်သော အခြေအနေများတွင် အတည်ပြုဆဲ အချက်အလက်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြပါသည်။
Human Rights-Based Journalism
New Day Myanmar သည် လူ့အခွင့်အရေးကို အခြေခံသော သတင်းဖော်ပြမှုကို လိုက်နာပါသည်။ အထူးသဖြင့် စစ်ဘေးသင့်ပြည်သူများ၊ ဖမ်းဆီးခံရသူများ၊ ဒုက္ခသည်များ၊ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် ထိခိုက်လွယ်သော အုပ်စုများအကြောင်း ဖော်ပြရာတွင် ၎င်းတို့၏ လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် အလေးထားပါသည်။
Staff and Source Safety
မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအန္တရာယ်များ ရှိနေသောကြောင့် New Day Myanmar သည် သတင်းထောက်များ၊ Contributor များ၊ သတင်းရင်းမြစ်များနှင့် ၎င်းတို့၏ မိသားစုများ၏ လုံခြုံရေးကို အလေးထားပါသည်။
လုံခြုံရေးအကြောင်းပြချက်များကြောင့် အဖွဲ့ဝင်အချို့၏ အမည်၊ နေရပ်၊ ဆက်သွယ်ရန်အချက်အလက်များနှင့် ခွဲခြားသိနိုင်သော အချက်အလက်များကို အများပြည်သူသို့ မဖော်ပြနိုင်ပါ။
Corrections and Accountability
New Day Myanmar သည် သတင်းတစ်ပုဒ်တွင် အမှားအယွင်း တွေ့ရှိပါက တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြင်ဆင်ပေးရန် ကြိုးပမ်းပါသည်။ အဓိကအချက်အလက်များ ပြင်ဆင်ရပါက Correction Note သို့မဟုတ် Update Note ဖြင့် ရှင်းလင်းဖော်ပြပါမည်။
စာဖတ်သူများအနေဖြင့် သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ ပြင်ဆင်ရန်၊ တိုင်ကြားရန် သို့မဟုတ် အချက်အလက် ဖြည့်စွက်ပေးရန် ဆက်သွယ်နိုင်ပါသည်။
Contact Us
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
New Day Myanmar နှင့် ဆက်သွယ်လိုပါက အောက်ပါလိပ်စာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။


