Homeအထူးသတင်းဘရာဇီးနဲ့ မော်ရိုကိုတို့ တစ်ဂိုးစီသရေကျ

ဘရာဇီးနဲ့ မော်ရိုကိုတို့ တစ်ဂိုးစီသရေကျ

၁၄ ဇွန် ၂၀၂၆ | New Day Myanmar

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်မှာ ဘရာဇီးအသင်းနဲ့ မော်ရိုကိုအသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး နှစ်သင်းစလုံး ရမှတ်တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ MetLife Stadium မှာ မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲမှာ မော်ရိုကိုအသင်းက ပွဲချိန် ၂၁ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဘရာဇီးဂိုးသမား အယ်လီဆန် ဘက်ကာနဲ့ နောက်ခံလူတွေကြား နားလည်မှုလွဲချော်ရာကနေ မော်ရိုကိုအသင်းရဲ့ ဆိုင်းဘာရီက အခွင့်အရေးကို အမိအရ အသုံးချပြီး ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက် ဘရာဇီးအသင်းက တိုက်စစ်ဆင်ကစားလာခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ ဘရူနို ဂွီမာရေးစ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဗင်နီစီးယပ်စ် ဂျူနီယာက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အနိုင်ဂိုးရရှိရေး ကြိုးပမ်းခဲ့ကြပေမယ့် ရရှိလာတဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ တစ်ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီသရေရလဒ်ကြောင့် အုပ်စု (C) မှာ ဘရာဇီးနဲ့ မော်ရိုကိုတို့ ရမှတ်တစ်မှတ်စီ ရရှိသွားခဲ့ပြီး နောက်ပွဲစဉ်တွေမှာ အုပ်စုတက်ခွင့်အတွက် ဆက်လက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး