၂၂ မတ် ၂၀၂၆ ၊ New Day Myanmar
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဗိုလ်တိုက်ချွန်းလမ်းမှာ ဘေးတွဲဆိုင်ကယ် အသုံးပြုပြီး ဖုန်းလုပြေးတဲ့အမျိုးသားဟာ ဓာတ်တိုင်ကို ဝင်တိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တာဝန်ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ မနေ့က မတ်လ ၂၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဖုန်းလုပြေးသူဟာ အခြားဘေးတွဲမောင်းသူတစ်ဦးကို ဝင်တိုက်မိပြီးနောက်မှာ ဓာတ်တိုင်ကို ထပ်မံတိုက်မိတာဖြစ်တယ်လို့ ဆိုပါတယ်။
ဝင်တိုက်ခံရသူ နောက်ထပ်ဘေးတွဲဆိုင်ကယ်မောင်းသူဟာ တိုက်ခံရတဲ့အရှိန်ကြောင့် ညာဘက်ခြေထောက်အရိုး အပြင်ကို ထိုးထွက်ကျိုးသွားတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“သူက လမ်းမှာ လူတွေကိုလည်း တိုက်ခဲ့သေးတာ။ သူ့ဘာသာ ဓာတ်တိုင်ကို ဝင်တိုက်ပြီး အတွင်းကြေဒဏ်ရာနဲ့ အခြားဒဏ်ရာတွေ ရပြီး လှိုင်သာယာဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲလိုက်ပို့တဲ့အချိန်မှာ သေသွားတာ” လို့ ပရဟိတအဖွဲ့တာဝန်ခံတစ်ဦးက
ဓာတ်ပုံ – သက်ပိုင်ဟိန်း


