Homeပြည်တွင်းသတင်းသတင်းထောက် ကိုတာလင်းမောင် ပြန်လည်လွတ်မြောက်လာ

သတင်းထောက် ကိုတာလင်းမောင် ပြန်လည်လွတ်မြောက်လာ

၁၈ မတ် ၂၀၂၆ ၊ New Day Myanmar

ဖားကန့်ဒေအခြေစိုက် ဥရုနေ့စဉ် သတင်းဌာနရဲ့ အယ်ဒီတာကိုတာလင်းမောင်ဟာ ဒီကနေ့ မတ်လ ၁၈ ရက် ညနေပိုင်းမှာ ပြန်လည်လွတ် မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ကိုတာလင်းမောင်ကို မနေ့က မတ်လ ၁၇ ရက် ညနေပိုင်းအချိန်က ‌ဖားကန့်ဒေသဆိုင်းတောင်ဘက်အခြမ်းမှာ KIA ဘက်က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သူ့ရဲလုပ် ဖော်ကိုင်ဖက်သတင်း ထောက်တစ်ဦးဖြစ်တဲ့ ကိုနောင်ရိုးက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (KPDF) ထိန်း ချုပ်ထားရာ နေရာဒေသဖြစ်တာကြောင့် အဖွဲ့အစည်းများအနေနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာကာ အတက်နိုင်ဆုံး ငဲ့ညှာကူညီပေးကြဖို့တောင်းဆိုအပြီးမှာ အခုလို လွတ်မြောက်လာတာဖြစ်ပါတယ်။

“မနှစ်ကလည်း ကျွန်တော်နဲ့အတူ နှစ်ယောက်ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ဖွဲ့ရဲ့အဖမ်းအဆီးခံခဲ့ရပြီး တစ်လနီးပါးကြာမှ ပြန်လည်လွတ်မြောက်ခဲ့ကြရပါတယ်။ ဒါဟာ သတင်းထောက် ကိုတာလင်းမောင်အတွက် ဒုတိယအ ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အခြေအနေဖြစ်တယ်။”လို့ ဆိုထားတာပါ။

ကိုတာလင်းမောင်ဟာ စစ်အာဏာ ရှင်စနစ်ကိုတော်လှန်ရင်း၊ တော်လှန်ရေးအတွက် တတက်တအား ပါဝင်နေတဲ့ CDM ဝန်ထမ်းတစ်ဦးဖြစ်သလို ဖားကန့်ဒေသအတွက် သတင်းစီးဆင်းစေဖို့ ဥရုနေ့စဉ် သတင်းပေ့ခ်ျတစ်ခု တည်ဆောက်ကာ တာဝန်ခံအယ်ဒီတာတစ်ဦးအဖြစ် ကြိုးစားရပ်တည်နေသူ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ကို တော်လှန်နေသူအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး၊ ကိုတာလင်းမောင်ကို ဘေးအန္တရာယ်ကင်းစွာ အမြန်ဆုံးပြန်လည်စေလွှတ်ပေးဖို့ တောင်းဆိုအပြီး အခုလို လွတ်မြောက်လာတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး