Homeပြည်တွင်းသတင်းအလုံမြို့နယ် သစ်တောဝန်းထဲ နေထိုင်သူတွေကို ရက်ပိုင်းအတွင်း အပြီးရွေ့ဖို့ အမိန့်စာကပ်ထား

အလုံမြို့နယ် သစ်တောဝန်းထဲ နေထိုင်သူတွေကို ရက်ပိုင်းအတွင်း အပြီးရွေ့ဖို့ အမိန့်စာကပ်ထား

သတ်မှတ်ရက်ကျော်ရင် ဘူဒိုဇာနဲ့ ထိုးမယ်လို့ ဆို

၁၆ မတ် ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်မြို့ ၊ အလုံမြို့နယ်၊ သစ်တောဝန်းထဲမှာ နေထိုင်သူတွေကို ရက်ပိုင်းအတွင်း အပြီးရွေ့ရမှာဖြစ်ပြီး၊ သတ်မှတ်ရက်ကျော်လို့ မပြောင်းရွှေ့ရင် ဘူဒို ဇာနဲ့ ထိုးဖယ်ရှားမယ်လို့ အမှတ်(၁) အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဖွဲ့က အသိပေးစာကပ်ထားတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့တာကို မနက်ဖြန် မတ် ၁၇ ရက်နေ့မှာ အပြီးပြောင်းရွှေ့ရမှာဖြစ်ပြီးသစ်တောဝန်းထဲမှာ နေထိုင်တဲ့အိမ်ခြေ ၃၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

“နေလာတာက နှစ် ၈၀ လောက်ရှိပြီ။ ရပ် ကွက်လိုဖြစ်နေတာ။ အခုပြောင်းတဲ့သူတွေလည်း ပြောင်းနေကြပြီ၊ အချို့ဆိုဘယ်မှာနေလို့ နေရမှန်းမသိလို့ သူတို့ပြောင်းခိုင်းတဲ့ လှိုင်သာယာ အနောက် ပိုင်းတက္ကသိုလ်အကျော်က လယ်ယာ မြေနေရာတွေမှာ နေရမှာ။ သွားရေးလာရေး ဝေးသွားတာပေါ့၊ “လို့ ဖြစ်စဉ်ကိုသိတဲ့ အလုံမြို့နယ် နေထိုင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

လတ်တလောမှာ တချို့နေအိမ်တွေ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဖျက်ပြီး နေရာရွေ့ပြောင်းနေကြကာ နေရာချပေးထားတဲ့ နေရာကို မကြိုက်တဲ့သူတွေက တခြားနေရာတွေမှာ အိမ်ငှားနဲ့နေဖို့ ရှာနေကြတယ်လို့ သိရပါတယ်။

အခုပြောင်းရွှေ့ခိုင်းတဲ့ အလုံသစ်တောဝန်းနေရာမှာ ဆိပ်ခံတံတားဆောက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ခိုင်းတာဖြစ်တယ်လို့ကနဦးသိရပြီး၊ နေထိုင်သူတွေကို ၂၀၂၅ ခုနှစ် ဧပြီလကစလို့ ၃ ကြိမ် နိုတစ်စာပေးပို့ခြင်းခံထားရတယ်လို့ သိရပြီး အဲဒီထဲမှာ စစ်ကော်မရှင်ရဲ့ ဝန်ထမ်းမိသားစုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး