Homeအထူးသတင်းထိုင်းနိုင်ငံမှာ အဝတ်လျှော်ဆိုင်တွေက အမျိုးသမီးအတွင်းခံတွေ ခိုးပြီး ရှုတဲ့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ အဝတ်လျှော်ဆိုင်တွေက အမျိုးသမီးအတွင်းခံတွေ ခိုးပြီး ရှုတဲ့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရ

၁၄ မတ်လ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ နခွန်စဝမ်မြို့မှာရှိတဲ့ ၂၄ နာရီဖွင့် အဝတ်လျှော်ဆိုင်တွေက အမျိုးသမီးအတွင်းခံတွေ ဆက်တိုက်ခိုးယူနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

နခွန်စဝမ်ခရိုင်ရဲတပ်ဖွဲ့ထံကို မတ်လ ၁၃ ရက်နေ့မှာ အဝတ်လျှော်ဆိုင်တွေက အမျိုးသမီးအတွင်းခံတွေ ပျောက်ဆုံးနေတဲ့အကြောင်း တိုင်ကြားမှုတွေ ရောက်ရှိလာပြီးနောက် CCTV မှတ်တမ်းတွေကို စစ်ဆေးရာက တရားခံကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအရ ဖမ်းဆီးခံရသူဟာ အသက် ၃၅ နှစ်ရှိ မြန်မာနိုင်ငံသား တစ်ဦးဖြစ်ပြီး Likay Alley မှာရှိတဲ့ အခန်းငှားတစ်ခုမှာ မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က တရားခံနေထိုင်တဲ့ အခန်းကို ဝင်ရောက်ရှာဖွေရာမှာ အမှတ်တံဆိပ်မျိုးစုံရှိတဲ့ အမျိုးသမီးအတွင်းခံတွေ ရာနှင့်ချီ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုအတွင်း အဆိုပါ မြန်မာနိုင်ငံသားက ၂၄ နာရီဖွင့် အဝတ်လျှော်ဆိုင်တွေကို လှည့်လည်ကြည့်ရှုပြီး အခြားပစ္စည်းတွေကို မယူဘဲ အမျိုးသမီးအတွင်းခံတွေကိုသာ ရွေးချယ်ခိုးယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် ခိုးယူလာတဲ့ အတွင်းခံတွေကို ရှူရှိုက်ခြင်းနဲ့ လူပုံစံတူ အရုပ်တွေ ပြုလုပ်ပြီး ကာမစိတ်ဖြေဖျောက်ဖို့ အသုံးပြုခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။

လက်ရှိမှာ နခွန်စဝမ်မြို့ ရဲစခန်းက အဆိုပါ မြန်မာနိုင်ငံသားကို ခိုးမှု ပုဒ်မနဲ့ အမှုဖွင့်အရေးယူထားပြီး ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref: CH7HD News

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး