Homeနိုင်ငံတကာသတင်းတောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ လျှော့ချဖို့ ဖိလစ်ပိုင်သမ္မတက သူ့တပ်ဖွဲ့တွေကို အမိန့်ပေး

တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ လျှော့ချဖို့ ဖိလစ်ပိုင်သမ္မတက သူ့တပ်ဖွဲ့တွေကို အမိန့်ပေး

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက တောင်တရုတ်ပင်လယ်ထဲမှာ တင်းမာမှုတွေ အရှိန်လျော့ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ မနီလာစစ်တပ်အကြီးအကဲက ကြာသပတေးနေ့ (ဇူလိုင် ၄ ရက်) မှာ ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ရိုမီယို ဘရူနာ က တရုတ်နဲ့ တင်းမာမှု မြင့်တက်နေတဲ့ အငြင်းပွားကမ်းရိုးတန်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ တောင်တရုတ်ပင်လယ်က စစ်ဆင်ရေးအတွက် တင်းမာမှုတွေ လျော့ကျနိုင်မယ့် တခြားရွေးချယ်စရာ တွေကို တပ်မတော်က သမ္မတဆီကို တင်ပြထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းမှာ ကာလကြာရှည် ပြိုင်ဘက်နေတဲ့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ “ယုံကြည်မှု ပြန်ရဖို့ နဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့” လိုအပ်တဲ့ အကြောင်းကို အင်္ဂါနေ့ ဇူလိုင် ၂ရက်က နှစ်ဘက်သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်အနေနဲ ဖိလစ်ပိုင်နိုင်ငံကို အသံထက်မြန်တဲ့ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားချိန်ရွယ်ထားဖို့ ဆိုတဲ့ တရုတ်ရဲ့ အစီအစဉ်ကို လည်း ပူးပေါင်းပြီး အဖြေရှာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Ref: Reuters

ဆက်စပ် သတင်းများ

Most read