Homeပြည်တွင်းသတင်းCOSTEC စက်ရုံလုပ်သားတွေ စုပေါင်းတောင်းဆိုခဲ့တာ‌ကြောင့် သမဂ္ဂခေါင်းဆောင်အလုပ်ခွင်ပြန်ဝင်ခွင့်ရ

COSTEC စက်ရုံလုပ်သားတွေ စုပေါင်းတောင်းဆိုခဲ့တာ‌ကြောင့် သမဂ္ဂခေါင်းဆောင်အလုပ်ခွင်ပြန်ဝင်ခွင့်ရ

၂၄ ဇန်နဝါရီ ၂၀၂၆

ရန်ကုန် ရျွေပြည်သာမြို့နယ်က COSTEC International Co;Ltd စက်ရုံမှာ အလုပ် သမားသမဂ္ဂ ခေါင်းဆောင်ကို အလုပ် ထုတ်ခဲ့တာကြောင့် စုပေါင်းဆန္ဒဖော်သမဂ္ဂခေါင်းဆောင်ဟာ အလုပ်ခွင်ပြန်လည်း ဝင်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ အလုပ်သမားအရေးလုပ်ဆောင်နေတဲ့ အဖွဲ့ဆီကနေ သိရပါတယ်

အဲဒီအလုပ်သမား သမဂ္ဂခေါင်းဆောင်ကို မနေ့ ဇန်နဝါရီ ၂၃ ရက်မှာကစပြီးလုပ်ငန်းခွင် ပြန်ဝင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

“ဟုတ် မနေ့ကစပြီးလုပ်ငန်းခွင် ပုန်ဝင်ဖို့ စက်ရုံဘက်က ခွင့်ပြုပါတယ်။ သူ ကို ထုတ်ခဲ့တဲ့ ရက်နဲ့ ပြန်တက်တဲ့ ရက်ကြားက ရပိုင်ခွင့်တွေကို တောင်းဆိုထားတယ်လို့သိရတယ်။ စက်ရုံဘက်ကလည်း ဥပဒေအရ အဆင်ပြေအောင်လုပ်ပေးမယ် ပြောပါတယ်”လို့ ဒီဖြစ်စဉ်အတွင်းမှာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ လုပ်သားတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှူဇုန်(၃)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊အမှတ်(၃၄/၃၅/၃၆ )မှာ ဖွင့်ထားတဲ့ COSTEC International Co.,Ltd (လက်ရှိ JOC အမည်နဲ့လည်ပတ်နေ)အထည်ချုပ် စက်ရုံအလုပ်သမားသမဂ္ဂခေါင်း ဆောင်ကို ဇန်နဝါရီ ၂၁ရက်မှာ အလုပ် ထုတ်မယ်လို့ စက်ရုံမန်နေဂျာကခေါ်ယူ ပြောဆိုခဲ့တာပါ။

အဲ့ဒီနောက်မှာ အလုပ်သမားတွေက ပြန်ခန့်ပေးဖို့ စုပေါင်းတောင်းဆိုခဲ့ကြပြီးနောက် တစ်ရက်အကြာမှာ အခုလို အလုပ်ပြန် ခန့်ခဲ့တာဘဲဖြစ်ပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး