Homeပြည်တွင်းသတင်းအင်းစိန်မှာ ရပ်ထားတဲ့ YBS ကားကို အိမ်စီးကားကဝင်တိုက်မိပြီး အမျိုးသားတဦးသေဆုံး

အင်းစိန်မှာ ရပ်ထားတဲ့ YBS ကားကို အိမ်စီးကားကဝင်တိုက်မိပြီး အမျိုးသားတဦးသေဆုံး

ဇန်နဝါရီ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ BPI ဆေးဝါးစက်ရုံလမ်းမှာ ရပ်ထားတဲ့ YBS ကားကို အိမ်စီးကားက ဝင်တိုက်မိပြီး အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက်အစာပိုင်း ၂နာရီကျော်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အ မျိုးသား(၁)ဦး (သေဆုံး)အား တွဲလက်လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့အင်းစိန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

ယာဉ်တိုက်မှုကြောင့် လူညပ်နေကြောင်းသတင်းရရှိတာကြောင့် အင်းစိန်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က မြို့နယ်အချို့မှာ ယာဉ်တိုက်မူဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေပြီး လူသေဆုံးမူတွေ့ နေ့ စဉ်ဖြစ်ပွားနေတယ်လို့ လူမူကူညီရေးအသင်းတွေက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး