မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ ပလိပ်- စကားအင်းလမ်းပိုင်း ကြေးနီကန်ကျေး ရွာအနီးမှာ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက် ၆နာရီအချိန် အဝေးပြေးခရီးသည်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီ မီးလောင်ပြင်ကို မီးသတ်တပ်ဖွဲ့က မိနစ်၂၀ ကြာ ငြိမ်းသတ်ခဲ့ရပြီး၊ ဘာ့ကြောင့် မီးလောင်ကျွမ်းတယ်ဆိုတဲ့အကြောင်းအရင်းကိုတော့ မီးသတ်တပ်ဖွဲ့က မထုတ်ပြန်ထားပါဘူး။
ဖြစ်စဉ်မှာ ကားပေါ်ပါ ခရီးသည်တွေ ထိခိုက်သေဆုံးတာမျိုးမရှိဘူးလို့ ဒေသခံ ပရဟိတအဖွဲ့တခုက New Day Myanmar ကို ပြောပါတယ်။
ဓာတ်ပုံ-MFSD


