ပြည်တွင်းရွှေဈေးဟာ ရက်ပိုင်းအတွင်းမှာပဲ စံချိန်တင်မြင့်တက်လာပြီး ၁၆ ပဲရည် တကျပ်သားကို ကျပ် ၉၂ သိန်းကျော်ထိ ရောက်ရှိလာပြီး အမြင့်စျေးမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စံချိန်တင်အမြင့်ဆုံးဈေးကိုရောက်ရှ်ိလာတာဖြစ်ပြီး ကမ္ဘာ့ရွှေဈေးဟာလည်း စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ ရွှေအရောင်းဝယ်လုပ်သူတွေက ပြောပါတယ်။
“ကမ္ဘာရွှေစျေးက အတက်ဘက်ကို အရမ်းသွားနေတာ၊ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအခြေအနေက ရွှေပေါ်ကို ပုံထားတဲ့ သဘောဖြစ်နေတာပေါ့၊ ဒါကြောင့် ရွှေစျေးတက်နေတာပါ။”လို့ ရွှေလုပ်ငန်းရှင်တဦးက New Day Myanmar ကိုပြောပါတယ်။
လက်ရှိမှာ ပြင်ပရွှေစျေးကွက်မှာ ၁၆ ပဲရည်တကျပ်သားကို ၉၂ သိန်း ၃ သောင်းကျပ်အထိ စျေးပေါက်နေပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်ထားတဲ့ ဈေးကတော့ရွှေတစ်ကျပ်သားကို ၅၉ သိန်း ၉ သောင်း ၉ထောင် နဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။


