ထိုင်ဝမ်နိုင်ငံရဲ့ အရေးနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအဲ က တရုတ်နိုင်ငံရဲ့ဘယ်လို စစ်ရေးလှုပ်ရှားမှုမဆို ဂျပန်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်မယ်ဆိုရင် ဂျပန်က ထိုင်ဝမ်ကို ကာကွယ်််် စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း သတိပေးခဲ့ပြီးနောက် တရုတ်က ဂျပန်ကို ဝါဒဖြန့် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကနေ ဂျပန်နိုင်ငံအပေါ် မုန်းတီးစေနိုင်တဲ့ အမုန်းစကားဖြန့်ဝေမှုတွေလုပ်ဆောင်နေသလို တရုတ်ဘက်ကိုယိမ်းတဲ့ မြန်မာပြည်က ပညာရှင်ဆိုသူတွေကို အသုံးပြုပြီး ဂျပန်မုန်းတီးရေးလုပ်ဆောင်နေတာဖြစ်ပါတယ်။
တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ “မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar – ISIS) ၏ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော်က CCTV သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဂျပန်နိုင်ငံသည် လွန်စွာရက်စက်ကြမ်းကြုတ်ကြောင်း၊ ဖက်ဆစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော်လည်း အမှန်တကယ် တောင်းပန်ခဲ့ခြင်းမရှိကြောင်း၊ ဂျပန်စစ်ဝါဒ (စစ်အာဏာရှင်စနစ်) ပြန်လည်ထွက်ပေါ် လာခြင်းကို လုံးဝခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။”လို့ ဖော်ပြထားတာမျိုးတွေ့ရပါတယ်။
သံရုံးရဲ့ ဖေ့ဘွတ်စာမျက်နှာမှာပဲ သံအမတ် Ma Jia က မွန်ပြည်နယ် သံဖြူဇရပ်ကိုသွားရောက်ပြီး “သေမင်းတမန်ရထားလမ်း”ပြသသို့ သွားရောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်သူများသည် မဟာမိတ်စစ်သုံ့ပန်းများနှင့် အရှေ့တောင်အာရှ အလုပ်သမားများကို ထိုင်း-မြန်မာ ရထားလမ်း တည်ဆောက်ရန် အတင်းအဓ္မစေခိုင်းခြင်းဆိုင်ရာ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို အတွင်းကျကျလေ့လာခဲ့ပြီး သမိုင်းကို အောက်မေ့သတိရပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။”လို့ ဖော်ပြတာမျိုးတွေ့ရပါတယ်။
New Day Myanmar ရဲ့ လေ့လာမှုအရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၉ ရက်အထိ ဂျပန်မုန်းတီးရေး ဝါဒဖြန့် အကြောင်းအရာ ၈ ခုကို သံရုံးစာမျက်နှာကနေ ဖော်ပြခဲ့တာတွေ့ရပါတယ်။


