တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုရဲ့ဇနီး ဂင်မ်ဂွန်ဟီးကို ဒီဇင်ဘာ ၃ ရက်က ဆိုးလ်ဗဟိုခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားသမ္မတဟောင်းရဲ့ဇနီး ဂင်မ်ဂွန်ဟီးကို ရှယ်ယာဈေးနှုန်းကြိုးကိုင်မှုနဲ့လာဘ်ပေးလာဘ်ယူမှု စတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၅ နှစ်၊ ဒဏ်ငွေ ဝမ် ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၇ သန်းခန့်) ချမှတ်ဖို့ တရားရုံးကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ အထူးရှေ့နေအဖွဲ့ဟာ “အရင်း အနှီးဈေးကွက်ဥပဒေ” ချိုးဖောက်ခြင်း စွဲချက်နဲ့ ဂင်မ်ဂွန်ဟီးအား ထောင်ဒဏ် ၁၁ နှစ်၊ ဒဏ်ငွေ ဝမ် ၂ ဘီလီယံ ချမှတ်ဖို့အပြင် တရားမဝင်ရရှိထားတဲ့ ဝမ် သန်း ၈၁၀ (အမေရိကန်ဒေါ်လာ ၅.၅ သိန်းခန့်) ကို ပြန်လည်သိမ်းယူဖို့ တောင်းဆိုခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုနှင့်စပ်လျဉ်းပြီး ထောင်ဒဏ်လေးနှစ်နှင့် ဝမ် သန်း ၁၄၀ (အမေရိကန်ဒေါ်လာ ၉၅,၀၀၀ ခန့်) ပြန်လည်သိမ်းယူဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။


