Homeပြည်တွင်းသတင်းပုသိမ်က ပြည်သူ့ပါတီ (PP) ကိုယ်စားလှယ်လောင်း ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံး

ပုသိမ်က ပြည်သူ့ပါတီ (PP) ကိုယ်စားလှယ်လောင်း ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံး

ဒီဇင်ဘာ ၂၀၂၅

စစ်ကော်မရှင်ရဲ့ ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေတဲ့ ပုသိမ်မြို့က ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်ဌေးဆိုသူဟာ ဒီဇင်ဘာ ၃ ရက်ညပိုင်းက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဦးမြင့်ဌေးဟာ ပုသိမ်မြို့ တံတားကြီးတန်း လမ်းသစ်လမ်း အမှတ် ၃ ရပ်ကွက်က သူ့ရဲ့နေအိမ်မှာပဲ ည ၁၀ နာရီဝန်းကျင်က သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမြင့်ဌေးဟာ ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( မဲအများဆုံးရသူအနိုင်ယူစနစ် )( FPTP )နဲ့ ပုသိမ်မြို့နယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး