စစ်ကော်မရှင်ဟာ ရပ်ဆိုင်းထားတဲ့ ဧရာ၀ တီ မြစ်ဆုံစီမံကိန်းအတွက် ဦးဆောင်အဖွဲ့ဖွဲ့စည်းပြီး တရုတ်ယူနန်ကုမ္ပဏီတခုဖြစ်တဲ့ SPICYN ကုမ္ပဏီနဲ့ လုပ်ငန်းတွေ ပြန် လည်စတင်ဖို့ လုပ်ဆောင်နေတယ်လို့စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧရာ၀တီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအား
လျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို အခုနှစ် ဩဂုတ် ၂၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး မြစ်ဆုံစီမံကိန်းအတွက် သုတေသနလုပ် ငန်းတွေ၊ နည်းပညာဆိုင်ရာဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒီစီမံကိန်းမှာ လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ဒုဝန်ကြီးက ခေါင်းဆောင်အဖြစ်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သယံဇာတရေးရာဝန်ကြီးက ဒုတိယခေါင်းဆောင်အဖြစ်ပါဝင်ပြီးတော့ အဖွဲ့ဝင် ၁၃ ဦးပါ ဝင်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က SPIC Yunan International Power Investment Co.,Ltd (SPICYN) နဲ့ အတူ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ ၊ နည်းပညာဆိုင် ရာ ဖြေရှင်းချက်တွေ ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတွေ ၊ စီးပွားရေးနဲ့ဘဏ္ဍာ ရေးဆိုင်ရာလုပ်ငန်း စီမံဆောင်ရွက်ရတာတွေအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက်ပေးတာနဲ့ ဆုံးဖြတ်ချက်ချတာတွေ အပါ လိုအပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြစ် ဆုံရေအားလျှပ်စစ် စီမံကိန်းကို တရုတ်နဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေတယ်လို့ သြဂုတ် ၃၁ ရက်နေ့က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ လုပ်ခဲ့တဲ့ မြန်မာ-တရုတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးတွေ့ဆုံပွဲမှာ ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။
ဧရာ၀တီမြစ်ဆုံစီမံကိန်းဟာ စစ်အာ ဏာရှင်သန်းရွှေ လက်ထက် ၂၀၀၂ ခုနှစ် က တည်းက လေ့လာရေးတွေစလုပ်ခဲ့ပြီး တရုတ် CPI ကုမ္ပဏီနဲ့ အကျိုးတူ လုပ် ကိုင်ခဲ့ပေမယ့် ပြည်သူလူထုရဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ်အရောက်မှာတော့ ဦးသိန်းစိန်အစိုးရအမိန့်နဲ့ ယာယီရပ်ဆိုင်းထားခဲ့တာလည်းဖြစ်ပါတယ်။


