ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ၂ ဦးဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး)နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ဟာ ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို အလွဲသုံး စားပြုလုပ်မှုနဲ့ အရေးယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အသိပေးထုတ်ပြန်ထားပါတယ်။
၎င်းတိူ့နှစ်ဦးကိုတော့ လတ်တလောမှာ တပ်ရဲ့ လက်ရှိတာဝန်အားလုံးကနေရပ်ဆိုင်းလိုက်တာနဲ့ လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ ထိန်းသိမ်းထားရှိတယ်လို့ဆိုပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး)နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေ ရေးဌာနကြီးမှူး)တို့ကို တပ်တွင်းအစည်း အဝေးတွင် ၂ ကြိမ်တွင် ဘဏ္ဍာပစ္စည်းများကို တပ်ထံကို အမြန်ဆုံး ပြန်လည်အပ်နှံရမယ်အပြင် အဲ့ဒီ ပြစ်မှုအတွက် တပ်ကပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြပတယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးကာလအခြေအနေများကြောင့် ပြစ်ဒဏ်တွေကို လက်တွေ့ ချ မှတ်ခြင်း မပြုသေးဘဲ ယာယီဆိုင်းငံ့ခဲ့ရာမှာ ဘဏ္ဍာပစ္စည်းတွေကို တပ်ထံ ပြန် လည်အပ်နှံတာမရှိခဲ့လို မည်သည့် ဖြေရှင်းမှုကိုမှအသိပေးပြောဆိုခြင်း မရှိတာကြောင့် အလို ဖမ်းဆီးအရေးယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် တော်လှန်ရေးရဲ့ခက်ခဲကြမ်း တမ်းတဲ့ အခိုက်အတန့်ကာလမျိုးမှာ တော်လှန်ရေးအကျိုးကို ထိခိုက်စေမယ့် သတင်းအချက်အလက် အလွဲအမှားတွေကို မဖန်တီး၊ မဖြန့်ဖြူးကြဖို့သက်ဆိုင်သူအားလူံကိုလည်း မေတ္တာရပ်ခံထားတယ် ဆိုပါတယ်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်
(မန္တလေး)


