Homeပြည်တွင်းသတင်းShow ပွဲမှာ ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့ Rapper ဖမ်းဆီးခံရ

Show ပွဲမှာ ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့ Rapper ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၀၂၅

ရန်ကုန်တိုင်း၊ သု၀ဏ္ဏမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက် ညတွေမှာ ကျင်းပခဲ့တဲ့ Overflow Festival Show ပွဲမှာ ရိုင်းစိုင်းစွာသီဆိုဖျော်ဖြေခဲ့တဲ့ Rapper ဟာ နိုဝင်ဘာလ ၃ ရက်နေ့ညပိုင်းက မန္တလေးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ Rapperရဲ့ တန်ဆောင်တိုင် Show ပွဲမှာ ကွန်ဒုံးဝေပြီး မကြားဝံ့မနာသာ ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့ အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ကြားမှာ ဝေဖန်ပြစ်တင်မှုတွေများပြားခဲ့ရာကနေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

လောလောဆယ်တော့ အဲ့ဒီ Rapper ကို ပုဒ်မ ၃ ခုနဲ့ အမှုတပ်ပြီး စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ် ပုဒ်မတွေနဲ့ တပ်ပြီး ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာတော့ မသိရသေးပါဘူး။

Overflow ပွဲကျင်းပသူတွေကတော့ “ပထမဆုံးအနေနဲ့ လတ်တလော ဖြစ်ပွါးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး Overflow Team ဘက်ကနေအနူးအညွတ် တောင်းပန်ချင်ပါတယ်။ဒါဟာ ထင်မှတ်မထားဘဲ ဖြစ်ခဲ့တာဆိုပေမဲ့ လူမှုရေးအရ မသင့်တော်တဲ့စကားတွေ၊ အသုံးအနှုန်းတွေပါသလို ယဉ်ကျေးမှုအရလည်း ရုပ်ဆိုးအကျည်းတန်စေခဲ့တာကြောင့် ဒီလိုကိစ္စမျိုး နောက်နောင် ဘယ်တော့မှ ထပ်မဖြစ်အောင် သေချာ ကြပ်မတ် ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်။ဒီအတွက်​ကြောင့် ​အခုပွဲက​နေစလို့ နောက်ပိုင်း ပွဲ​တွေက​နေစပြီး အဆို​တော် Wink နှင့် Bkho Bain ကို Overflow နှင့် လက်တွဲဖြုတ်လိုက်​ကြောင်း အသိ​ပေးပါရ​စေ။”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး