စစ်ကော်မရှင်က ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးကာကွယ်ပေးရေးဥပဒေနဲ့ စွပ်စွဲပြီး ထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။
ဖမ်းဆီးရာမှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်အပါ အောင်ချမ်းလူ (ခေါ်) အေးချမ်းအောင်လည်း ဖမ်းဆီးလ်ုက်တာဖြစ်တယ်လို့ စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲ အသိပညာပေးဇာတ်လမ်း နဲ့ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကို လူမှုကွန်ရက်ကနေ မဟုတ်မမှန် ဝေဖန်ရေးသားချက်တွေအပေါ် ထောက်ခံခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအပါအ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ပါ ထိရောက်စွာ အရေးယူဆောင် ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပါတီစုံ ဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဟန့်တားလိုသူတွေကို ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


