Homeပြည်တွင်းသတင်းပြင်ဦးလွင်မှာ ဓါတ်တိုင်ပေါ်တက်တဲ့အမျိုးသားတဦး ဓါတ်လိုက်ပြီး မီးလောင်မှုဖြစ်ပွား

ပြင်ဦးလွင်မှာ ဓါတ်တိုင်ပေါ်တက်တဲ့အမျိုးသားတဦး ဓါတ်လိုက်ပြီး မီးလောင်မှုဖြစ်ပွား

၃၁ အောက်တိုဘာ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရက်ကွက်ကြီး(၂)က လမ်းဘေးဓါတ်တိုင်ပေါ်တက်တဲ့ အမျိုးသားတဦး ဓါတ်လိုက်ပြီး မီးလောင်မှုတခု အောက်တိုဘာလ ၃၁ ရက်နေ့လယ် ၁၂ နာရီ ၁၂ မိနစ်မှာဖြစ်ပွားခဲ့ပါတယ်။

ဓါတ်လိုက်မီးလောင်မှုဖြစ်ပွားရာကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရလူနာကို ပြင်ဦးလွင်လူမှုကူညီရေးအသင်းယာဉ်နဲ့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံးကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး