Homeပြည်တွင်းသတင်းရွှေတိဂုံစေတီ ရင်ပြင်မှာ အပေါ့စွန့်သူအမျိုးသား ဖမ်းဆီးခံရ

ရွှေတိဂုံစေတီ ရင်ပြင်မှာ အပေါ့စွန့်သူအမျိုးသား ဖမ်းဆီးခံရ

စက်တင်ဘာ ၂၀၂၅

ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်မှာ အပေါ့စွန့်သူအမျိုးသားတဦးကို ဖမ်းဆီးအရေးယူထားတယ်လို့အောက်တိုဘာလ၄ရက်နေ့က စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁ ရက်က ရွှေတိဂုံစေတီ ရင်ပြင်ပေါ်က အင်္ဂါထောင့်မြေစိုက် စေတီအမှတ်-၄၈ နဲ့ အုတ်ဂူစေတီအမှတ်-၁၁၈ ကြားမှာ အမျိုးသားတစ်ဦး အပေါ့သွားနေတာကို ဘုရားဖူးလာသူတစ်ဦးက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတာကြောင့် တာဝန်ရှိသူများက စစ်ဆေး ဖမ်းဆီးအရေးယူခဲ့တာလို့ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်မှာ အပေါ့စွန်ခဲ့သူမှာ မရမ်းကုန်းမြို့နယ်၊အမှတ်(၇)ရပ်ကွက်မှာ နေထိုင််သူ တင်မျိုးဝင်း (ခ) ဝက်နီ(၂၉ နှစ်)ဆိုသူဖြစ်ပြီး စက်တင်ဘာ၂၁ ရက်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက် ဖူးမြော်ပြီး ဘုရားပေါ်ကနေပြန်ဆင်းချိန် အင်္ဂါထောင့်မြေစိုက်စေတီအမှတ်-၄၈နဲ့အုတ်ဂူစေတီအမှတ်-၁၁၈ ကြားမှာ အပေါ့သွားခဲ့တာလို့ သိရပါတယ်။

တင်မျိုးဝင်း (ခ) ဝက်နီ(၂၉ နှစ်)ကိုဒဂုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး