Homeပြည်တွင်းသတင်းဒေါ်လာစျေးကျဆင်းလာပေမဲ့ ပြည်တွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေဆဲ

ဒေါ်လာစျေးကျဆင်းလာပေမဲ့ ပြည်တွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေဆဲ

အောက်တိုဘာ ၂၀၂၅

အခု အောက်တိုဘာလကနေစပြီး နိုင်ငံ ခြားငွေ ဒေါ်လာစျေးတွေ တောက် လျှောက်ကျဆင်းလာပေမဲ့ ပြည်တွင်း ကုန်ဈေးနှုန်းတွေဟာ မကျဆင်းသေးဘဲ မြင့်တက်နေဆဲဖြစ်ပါတယ်။

ရန်ကုန်မြို့အပါ ပြည်တွင်းမှာ ကုန်ဈေးနုန်းတွေမြင့်တက်‌နေပြီး ၊ စစ်ကော်မရှင်ရဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုအကန့်အသတ်မရှိ ပိတ်ထားကြောင့် ပြည်ပသွင်းကုန်တွေလည်း ပုံမှန်ဝင်ရောက်တာမရှိဘဲ ကုန်ပစ္စည်း ပြတ်လပ်ပြီး စျေးတွေမြင့်တက်နေပါတာဖြစ်တယ်လို့ သိရပါတယ်။

“ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားဖြစ်ပစ္စည်းတွေ တင်သွင်းခွင့်ပိတ်ထားတာကြောင့်ဖြစ်တာ။ အဲ့တာက မြန်မာကျပ်ဈေးမာလာတာမဟုတ်ဘဲ ပိုပြီးချို့တဲ့ စေလိမ့်မယ်ဆိုတာမျိုး။ ပြီးတော့ ဒါက ယာယီဖြေရှင်းချက်ပဲ။”လို့ ဆိုပါတယ်။

ဒေါ်လာစျေးကျဆင်းမှုနဲ့အတူ ကုန်ဈေးနုန်း ကျဆင်းဖို့ ပြည်တွင်းနေထိုင်သူတွေက လိုလာနေကြပါတယ်။

“အများအနေနဲ့တော့ ကုန်းဈေးနှုန်းကျသင့်တယ်ပေါ့။ အခုက နိုင်ငံခြားငွေစေိးတွေကျတယ်ဆိုတယသိရပေမဲ့ ကုန် ဈေး နှုန်းက ဒီအတိုင်းပါဘဲ။ ဈေးကွက်ထဲ ပစ္စည်းတောင်ပြတ်နေတယ်။ ဒါကိုကြည့်ရင် ကုန်သည်တွေ စ ကစားနေပြီဆိုတာ သိသာတယ်။ စောင့်တော့ကြည့်ရမှာပေါ့” လို့ ရန်ကုန်မြို့နေပြည်သူတဦးကပြောပါတယ်။

ကုန်ဈေးနှုန်းကျဆင်းဖို့ စစ်ကော်မရှင်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုလည်း အများပြည်သူက သိချင်နေတဲ့အချက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး