မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ဇီးပင်ကျေး ရွာအုပ်စု၊ အုန်းနှဲရေအရှေ့ကျေးရွာမှာရှိတဲ့ ရှစ်ထပ်ရေတံခွန်တောင်ကနေ တောင်ကျရေကြောင့် ပြုတ်ကျပျောက်ဆုံးခဲ့ပြီး နောက်ဆုံးရှာဖွေဖို့ကျန်ရှိတဲ့ အမျိုးသမီးရုပ်အလောင်းကို ဒီကနေ့ အောက်တိုဘာ ၁ ရက် နေ့လည် ၁နာရီမှာ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့က အဲဒီရေတံ ခွန်မှာ သွားရောက်လည်ပတ်ရေကစားရာကနေ တောင်ကျရေကြောင့် ရေစီးနဲ့ မျောပါပျောက်ဆုံးခဲ့သူ အမျိုးသမီး၂ ဦးထဲက ၁ ဦးကို မနေ့က တွေ့ရှိပြီးနောက် ဒီကနေ့မှာ နောက်ဆုံးကျန်နေတဲ့ ၁ ဦးကို ထပ်မံရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပြုတ်ကျခဲ့တဲ့သူ ၅ ဦးထဲက ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့တဲ့ ရုရှားနိုင်ငံသား ၁ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သ လို သေဆုံးသူအမျိုးသမီး၂ ဦးကို ဖြ စ်စဉ်ဖြစ်ပွားတဲ့နေ့မှာဘဲ ရှာဖွေကယ်ဆယ်နိုင်ခဲ့တာပါ။
အခု ကျန်ရှိတဲ့ အမျိုးသမီး ၂ ဦးကို စက် တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းနဲ့ အောက် တိုဘာ ၁ရက် မွန်လွဲပိုင်အချိန်တွေမှာ ထပ်မံရှာဖွေတွေရှိခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ပြီးဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ တွေရှိတဲ့ အမျိုးသမီးရုပ်အ လောင်းကို စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော) အသင်းကားနဲ့ ပြင်ဦးလွင်ဆေးရုံကြီးက်ု ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က အသိပေးထားပါတယ်။
ဓာတ်ပုံ-စေတနာမွန် လူမူကူညီရေးအသင်း (အုန်းချော)


