ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့ နယ် ၁၂၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို
ဒီကနေ့ စက်တင်ဘာ ၁၉ ရက် နံနက်အစောပိုင်း ၂နာရီအချိန်မှာ ဗုံးခွဲတိုက် ခိုက်ခဲ့တယ်လို့ RangoonScout Network ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုကို Operation Flame နဲ့ Yangon UG People Army အဖွဲ့တို့က လက်ပစ်ဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဟုတ်ပါတယ် မနက်က ပေါက်ကွဲတာဖြစ်သွားပါတယ်။ ဒီညလည်း ဧည့်စာရင်းစစ်နိုင်တယ်။ အရှေ့ဒဂုံက ဟိုတုန်းထဲက ပေါက်ကွဲတာတွေ ဖြစ်နေတာပါ။ သေတာဘာညာတော့မသိဘူးလူနာတင်ယာဉ် တွေလည်းရောက်လာတာမြင်တယ်”လို့ အရှေ့ဒဂုံမြို့နယ်နေ ပြည်သူတဦး New Day Myanmar ကိုပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် အဲဒီနေရာကို စစ်ကော်မရှင် လက်အောက်ခံ စစ်တပ်နဲ့ ရဲတွေရောက်ရှိလာပြီး ၊ ရပ်ကွက်အတွင်းနဲ့အနီးပတ်ဝန်းကျင်တွေကို လှည့်ပတ်စစ်ဆေးခဲ့ပြီး ၊ မနက်၉ နာရီအချိန်မှာ ရပ်ကွက်ရုံးတဝိုက် လမ်းပိတ်ကာ လမ်းသွားလမ်းလာတွေကို အစစ်အဆေးပြုလုပ်နေခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ရန်ကုန်တွင် လုံခြုံရေး စစ်ဆေးနေသည့် စစ်တပ်နဲ့ရဲများ


