Homeပြည်တွင်းသတင်းစမ်းချောင်း ဗားကရာလမ်းမှာအမျိုးသားတဦး ဓါးနဲ့ခုတ်ခံရ

စမ်းချောင်း ဗားကရာလမ်းမှာအမျိုးသားတဦး ဓါးနဲ့ခုတ်ခံရ

ဩဂုတ် ၂၀၂၅

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ရွှေပြည်အေးကွန်ဒိုအရှေ့၊ဗားကရာလမ်းမပေါ် မှာ အမျိုးသားတဦးဓားခုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၈ ရက် နေ့လည် ၂နာရီခွဲအချိန်ကလူတစ်ဦးဓားခုတ်ခံခဲ့ရပြီးလဲနေကြောင်းအနီးနားနေသူတွေကအနာဂတ်အလင်းတန်းပရဟိတအသင်းအသင်းကို ထွက်ခွာကူညီခဲ့တယ်လို့ ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ဓားခုတ်ဒဏ်ရာများနဲ့ သွေးထွက်လွန်နေတဲ့လူနာကို စမ်းချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နဲ့လူမူကူညီရေးအသင်းက အတူလိုအပ်တဲ့ မြေပြင်ကုသမှုများပြုလုပ်ပေးပေးပြီးရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့ မြန်မာပလာဇာ ကားပါကင်မှာ အမျိုးသမီးကြီးတဦး ဓါးထိုးခံရလို့ သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး