Homeပြည်တွင်းသတင်းဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ရဲ့ အခါတော်ပေး ဒေါက်တာဖေဉာဏ် သတ်ဖြတ်ခံရ

ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ရဲ့ အခါတော်ပေး ဒေါက်တာဖေဉာဏ် သတ်ဖြတ်ခံရ

၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ရဲ့ အခါတော်ပေးအဖြစ် လူသိများတဲ့ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ်ဟာ ရဟန်းဝတ်နဲ့ သီတင်းသုံးနေစဉ် သတ်ဖြတ်ခံရပြီး ပျံလွန်တော်မူသွားတယ်လို့ ရဲသတင်းရင်းမြစ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါက်တာဖေဉာဏ်ရဲ့ ရဟန်းဘွဲ့အမည်မှာ အရှင်ပညာဝံသဖြစ်ပြီး ဇူလိုင်လ ၂ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာမှာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရှင်ပညာဝံသဟာ ကျောင်းဆောင်တစ်ခုအတွင်း တစ်ပါးတည်း သီတင်းသုံးပြီး တောရဆောက်တည်နေစဉ် သတ်ဖြတ်ခံခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

မနက်ပိုင်းမှာ ဆရာတော်ကို လာရောက်ပင့်ဖိတ်သူတွေက ခေါ်ဆိုပေမယ့် ပြန်လည်ထူးခြားတာ မရှိတာကြောင့် ကျောင်းဆောင်တံခါးဖွင့်ကြည့်ရာ သွေးအိုင်ထဲ လဲကျနေတဲ့ ဆရာတော်ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့နဲ့ သတ်ဖြတ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေပါတယ်။

လက်ရှိအချိန်အထိ ကျူးလွန်သူနဲ့ သတ်ဖြတ်ရတဲ့ ရည်ရွယ်ချက်ကို တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒေါက်တာဖေဉာဏ်ဟာ ဗေဒင်နဲ့ နက္ခတ်ပညာရှင်အဖြစ် ထင်ရှားသူဖြစ်ပြီး စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ရဲ့ အခါတော်ပေးအဖြစ်လည်း လူသိများသူ ဖြစ်ပါတယ်။

သူဟာ နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးပြီး နောက်ပိုင်းမှာ ရဟန်းပြုကာ စန္ဒကူးမြိုင် သာသနာ့ရိပ်သာမှာ သီတင်းသုံးနေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most Read