၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော် အိမ်ကြီးလမ်းမကြီးက တိုက်ခန်းတလုံးရဲ့ မြေညီထပ်လှေကားဝင်ပေါက်မှာ အမျိုးသားတဦး သံပန်းဘာဂျာတံခါးကြား လည်ပင်းညှပ်မိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို ဇူလိုင် ၂၃ ရက် မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အဲဒီတိုက်ခန်းရဲ့ အပေါ်ဆုံးထပ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးခဲ့သူတွေရဲ့ ပြောကြားချက်အရ သေဆုံးသူဟာ တိုက်ခန်းသော့ကျန်ခဲ့တာကြောင့် အပြင်ဘက်သံပန်းတံခါးကြားကနေ ကျော်ဝင်ဖို့ ကြိုးပမ်းချိန် လည်ပင်းညှပ်မိခဲ့တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကိုပူတူးနဲ့ ဘော်ဒါများအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။


