Homeနိုင်ငံတကာသတင်းထိုင်း-မြန်မာ နယ်စပ်မှာ ပုန်းအောင်နေတဲ့ အင်ဒိုမူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးဖို့ ထိုင်း-အင်ဒို နှစ်နိုင်ငံရဲများပူးပေါင်း

ထိုင်း-မြန်မာ နယ်စပ်မှာ ပုန်းအောင်နေတဲ့ အင်ဒိုမူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးဖို့ ထိုင်း-အင်ဒို နှစ်နိုင်ငံရဲများပူးပေါင်း

၁၀ ဇွန်၊ ၂၀၂၄

အင်ဒိုနီးရှားရဲတပ်ဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုင်း မြန်မာနယ်စပ်မှာ ပုန်းအောင်းနေ တယ်လို့ယူ ဆရတဲ့ အင်ဒိုနီးရှား မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် Fredy Pratama ကို ရှာဖွေနေတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ၊ နိုင်ငံတကာပူးပေါင်းဌာနက စုံစမ်းစစ်ဆေးရေးမှူးချုပ် Krishna Murti က မီဒီယာတွေကို ထုတ်ပြန်ကြေညာထားပါတယ်။

အင်ဒိုနီးရှား အက်စ်ကိုဘာလို့ လူသိများတဲ့ Fredy ဟာ ၂၀၁၄ ခုနှစ်ကစပြီး မလေးရှားနဲ့ ထိုင်းတို့နဲ့ အချိတ်အဆက်ရှိပြီး မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးတဲ့ကွင်းဆက်မှာ အင်ဒိုနီးရှားအစိုးရရဲ့ အလိုရှိဆုံး ရာဇဝတ်သားဖြစ်လာပါတယ်။

၂၀၂၃ ခုနှစ်ထဲက မလေးရှား ၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ ပူးပေါင်းပြီး သူ့ကို လက်ရဖမ်းမိဖို့ ကြိုးစားခဲ့ ကြပါတယ်။

အင်ဒိုအာဏာပိုင်တွေက ထိုင်းအာဏာပိုင်တွေကို Fredy ကို လက်ရဖမ်းပေးဖို့ တောင်းဆိုထားကြပြီး အပြန်အလှန်အနေနဲ့ ဘာလီမှာ ဖမ်းမိထားတဲ့ ထိုင်းရာဇဝတ်သား Chaowalit Thongduang ခေါ် Sia Paeng Nanod ကို ပြန်ပို့ပေးခဲ့ပါတယ်။

Chaowalit ရဲ့ အစောင့်အရှောက်အနေနဲ့လိုက်ပါလာတဲ့ အင်ဒိုအထူးရဲတပ်ဖွဲ့ဝင် ၁၀ဦးဟာ ထိုင်းရဲတွေနဲ့ ပူးပေါင်းပြီး Fredy ကို ဖမ်းဆီးသွားမယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ Fredy ရဲ့ တပည့်တွေလို့ ယူဆရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးကို ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး Fredy ရဲ့ မိန်းမဘက်က အမျိုးတွေမှာလဲ ထိုင်းနိုင်ငံ မူးယစ်ဆေး တင်ပို့ ရောင်းချမှုတွေမှာ ပါဝင်နေတယ်လို့ သံသယရှိနေကြပါတယ်။

Related News

Most Read