Homeပြည်တွင်းသတင်းတောင်အာဖရိကက စစ်ကောင်စီဆီလက်နက်တင်ပို့ခွင့်ပိတ်ပင်လိုက်ပြီ

တောင်အာဖရိကက စစ်ကောင်စီဆီလက်နက်တင်ပို့ခွင့်ပိတ်ပင်လိုက်ပြီ

၂၁ ဇူလိုင်၊ ၂၀၂၄

တောင်အာဖရိက တရားရုံးချုပ်ရဲ့အမိန့်နဲ့ တောင်အာဖရိကအနေနဲ့ စစ်ကောင်စီဆီ လက်နက်တင်ပို့ခွင့် ပယ်ဖျက်ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။

သမားရိုးကျလက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ (NCACC) က ခွင့်ပြုမိန့်ပေးထားတဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ လွှဲပြောင်းရောင်းချမှုတွေလုပ်ဆောင်နိုင်တဲ့ခွင့်ပြုမိန့်တွေကို တောင်အာဖရိက တရားရုံးချုပ်က ပယ်ဖျက်လိုက်ကြောင်း ဇူလိုင်လ ၁၉ ရက်မှာ အမိန့်ထုတ်ပြန်လာတာဖြစ်ပါတယ်။

အမိန့်ထုတ်ဖို့ လျှောက်ထားမှုကို လူ့အခွင့်အရေးဆိုင်ရာရှေ့နေများ(LHR)အဖွဲ့က တောင်ပိုင်းအာဖရိကတရားရေးစင်တာ – SALC ကို ကိုယ်စားပြု လျှောက်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးချုပ်ရဲ့ အမိန့်မှာ NCACC အနေနဲ့ (၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်တဲ့အစိုးရအပြောင်းအလဲကို လုပ်ဆောင်ထားတာ (၂) လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားတယ်လို့ အထူးကိုယ်စားလှယ်၊ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ ကျွမ်းကျင်သူ ဒါမှမဟုတ် ကုလသမဂ္ဂအပ်နှင်းထားတဲ့အာဏာအရ လုပ်ဆောင်နေတဲ့ တခြားပုဂ္ဂိုလ်တို့က ကျိုးကြောင်းဆီလျော်စွာ သံသယဖြစ်ခံထားရတဲ့ နိုင်ငံတစ်ခုကို စစ်လက်နက်စာချုပ်နဲ့ လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားဖို့ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။

တောင်အာဖရိက တရားရုံးချုပ်ရဲ့ အမိန့်ဟာ တောင်အာဖရိကနိုင်ငံက မြန်မာနိုင်ငံကို တင်ပို့တဲ့ လက်နက်ရောင်းချမှုမှန်သမျှနဲ့ အခြားနိုင်ငံတွေကိုပါ လက်ငင်း အကျိုးသက်ရောက်မှာ ဖြစ်တဲ့အတွက် Southern Africa Litigation Centre(SALC)၊ Lawyers for Human Rights (LHR)တို့ရဲ့ ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံတယ်လို့ Justice For Myanmar အဖွဲ့က ဇူလိုင်လ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

Related News

Most Read