Homeပြည်တွင်းသတင်းတပ်တွင်းအာဏာသိမ်းမှုဟာ ကောလဟလဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်

တပ်တွင်းအာဏာသိမ်းမှုဟာ ကောလဟလဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်

၁၄သြဂုတ်၊ ၂၀၂၄

သြဂုတ် ၁၃ ရက်ညပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းတဲ့သတင်းဟာ ကောလဟလဖြစ်ကြောင်း စစ်ကေင်စီဝါဒဖြန့်မီဒီယာတွေကထုတ်ပြန်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာပြန့်နှံ့လာတာဖြစ်ပြီး ဩဂုတ် ၁၄ ရက်မှာတော့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကတဆင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကောလာဟလတွေကို အကောင့်တုတွေက ဝါဒဖြန့်တာ ဖြစ်တယ်လို့ထုတ်ပြန်ဖြေရှင်းလာတာဖြစ်ပါတယ်။

တပ်တွင်းအာဏာသိမ်းတဲ့သတင်းကို ဖွင့်ထားတာ မကြာသေးတဲ့ Facebook အကောင့်တစ်ခုကနေ ဩဂုတ် ၁၂ ရက်၊ ည ၈ နာရီခွဲဝန်းကျင်မှာ စတင်ဖော်ပြပြီး တချို့ပြည်တွင်း ပြည်ပက Facebook အကောင့်တုတွေအပြင် မီဒီယာတချို့ကနေ အင်တိုက်အားတိုက်ဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အခုအခါမှာ စစ်ခေါင်းဆောင်အပါအဝင် တာဝန်ရှိသူတွေအနေနဲ့ တာဝန်တွေထမ်းဆောင်နေကြဆဲဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြထားပါတယ်။

Related News

Most Read