Homeပြည်တွင်းသတင်းစစ်တပ်စခန်းချထားတဲ့ ဇေယျဝတီမြို့ ဘူတာရုံကို ဖြူးမြို့နယ် ပကဖ စီးနင်းတိုက်ခိုက်

စစ်တပ်စခန်းချထားတဲ့ ဇေယျဝတီမြို့ ဘူတာရုံကို ဖြူးမြို့နယ် ပကဖ စီးနင်းတိုက်ခိုက်

၂၆ ဇွန် ၊၂၀၂၅

ပဲခူးဒေသ၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ကပြီးခဲ့တဲ့ ဇွန် ၂၅ ရက်၊ မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ကသတင်းထုတ်ပြန်ထားပါတယ်။

ဇေယျဝတီမြို့ဘူတာရုံကို မနက် ၁ နာရီ ၂၄ မိနစ်မှာ ဝင်‌ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးထိ ခိုက်ဒဏ်ရာရပြီး MA1 တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံအချို့နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဘူတာရုံစခန်းမှ စကစတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် ဝင်‌ရောက်ရှင်းလင်းစဉ် မီးရထားဝန်ထမ်း တဦးကို တွေ့ရှိတဲ့အတွက် အလင်းဝင်ရောက်ဖို့ မှာကြားပြီး လွှတ်‌ပေးခဲ့သလို ဘူတာရုံဝန်ထမ်းအိမ်ယာတွေမှာ စကစတွေ ဝင်ရောက်နေထိုင်းခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စီးနင်းတိုက်ခိုက်နေချိန်မှာ ဖြူးမြို့နယ် တရားရုံးရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ကင်းပတ်နေတဲ့ စစ် ကောင်စီ ယာဉ်တွေကို စစ်ဆေးတိုက်ခိုက်ခြင်း၊ ဇေယျဝတီသကြားစက်မှာ ကင်းပုန်းချထားတဲ့ စကစတွေကို တိုက်ခိုက်ခြင်းအပြင် ဖြူး ပကဖ ဒရုန်းအဖွဲ့ကလည်း ဇေယျဝတီရဲစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ကသတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ဖြူးမြို့နယ် ပကဖ

Related News

Most Read